Connect with us

Europe

ပါရီမြို ့နှင့် ဘရက်ဆဲလ်မြို့များ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် အဓိက သံသယရှိသူအား ဖမ်းမိ

၂ဝ၁၆ ခုနှစ် မတ်လ ၂၃ ရက်က ဘဲလ်ဂျီယံ နိုင်ငံ ဘရက်ဆဲလ်မြို့အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များ အားတွေ့ရစဉ် ( ဆင်ဟွာ )

ဘရက်ဆဲလ် ၊ဧပြီ ၉ ရက် ( ဆင်ဟွာ )

ပြင်သစ်နိုင်ငံ ပါရီမြို ့နှင့် ဘဲလ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့များ အား အကြမ်းဖက် တိုက်ခိုက်မှုတွင် အဓိက ပါဝင်သူ တစ်ဦးအဖြစ် သံသယရှိသူ မိုဟာမက် အက်ဘရီနီ ( Mohamed Abrini ) အား ဘဲယ်ဂျီယံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ဘဲလ်ဂျီယံ အစိုးရရှေ့နေက ဧပြီလ ၈ ရက်တွင် အတည်ပြု ပြောကြားသည်။

ဘဲလ်ဂျီယံနိုင်ငံ Zaventem လေဆိပ် တိုက်ခိုက်ခံရမှုတွင် လုံခြုံရေး ကင်မရာများမှ တဆင့် ဖမ်းယူထားသော ဦးထုပ်ဆောင်းထားသူ အကြမ်းဖက်သမားသည် မိုဟာမက်အက်ဘရီနီ နှင့် ရုပ်ဆင်း အသွင်သဏ္ဍာန် တူညီနေသည်ဟု ပြည်တွင်း မီဒီယာများက ဖော်ပြကြသည်။

ထို့ပြင် ၎င်းသည် ပြင်သစ်နိုင်ငံ ပါရီမြို့ တိုက်ခိုက်ခံရမှုတွင်လည်း ကြံရာပါ တစ်ဦးအဖြစ် ရဲတပ်ဖွဲ့က အလိုရှိနေသော အကြမ်းဖက်တရားခံ တစ်ဦးဖြစ်သည်။ အက်ဘရီနီ ၏ DNA အချို့ကို ၂ဝ၁၆ ခုနှစ် မတ်လ ၂၂ ရက်က ဘရက်ဆဲလ်မြို ့တိုက်ခိုက်မှု မတိုင်မီ အသေခံ ဗုံးခွဲသမားများ နေထိုင်ခဲ့သော Schaerbeek မြို့ရှိ တိုက်ခန်း တစ်ခုတွင် တွေ့ရှိခဲ့သည်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သော ပါရီ အကြမ်းဖက်မှုမတိုင်မီ ၂ ရက်အလိုတွင် ဘဲလ်ဂျီယံ – မော်ရိုကို သွေးနှော တစ်ဦးဖြစ်သူ အက်ဘရီနီ နှင့် နောက်ထပ် သံသယရှိသူ တစ်ဦးဖြစ်သည့် Salah Abdeslam တို့နှစ်ဦး၏ ပုံရိပ်များကို ပါရီမြို့အဝင်ရှိ ဓါတ်ဆီဆိုင် တစ်ဆိုင်၏ လုံခြုံရေးကင်မရာက ဖမ်းယူရရှိခဲ့သည်။ Salah အားလက်ရ ဖမ်းဆီးမိပြီး နောက်ပိုင်းတွင် အက်ဘရီနီသည် ပါရီ တိုက်ခိုက်မှုအတွက် အဓိက သံသယရှိသူ တစ်ဦးအဖြစ် ရဲတပ်ဖွဲ့၏ အလိုချင်ဆုံး အကြမ်းဖက်သမား တစ်ဦးဖြစ်လာသည်။

ဘဲလ်ဂျီယံရှေ့နေက အက်ဘရီနီ နှင့်အတူ အခြား အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၄ ဦးကိုလည်း ဖမ်းဆီးထားကြောင်း အတည်ပြု ပြောကြားသည်။ ၎င်းတို့အနက် တစ်ဦးမှာ ဘရက်ဆဲလ်မြို ့ရှိ Petillon မြေအောက်ဘူတာရုံ ဗုံးခွဲမှု သံယသရှိသူ Osama Krayem ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။ သို့သော် ကျန်သုံးဦး နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ့ကဆက်လက် စုံစမ်းလျှက်ရှိကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117