Connect with us

Politics, Law & Military

အစိုးရ သက်တမ်း ရက် ၁၀၀ အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မှ ကျေးလက်ရေ ရရှိရေး အတွက် ကျပ် ၂၆၄၈ .၇၇ သန်း အကုန်ကျခံ ဆောင်ရွက်

အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် ရေရှားပါးမှုနှင့် ကြုံတွေ့နေရသော ဒလမြို့နေ ပြည်သူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် အစိုးရ သက်တမ်း ရက် ၁၀၀ အတွင်း ဦးစားပေး လုပ်ငန်း အဖြစ် ကျေးလက် ရေရရှိရေး လုပ်ငန်းကို ငွေကျပ် ၂၆၄၈ .၇၇ သန်း ခန့် အကုန်ကျခံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ၂၀၁၆ ခုနှစ် မေလဆန်း အထိ ကျေးရွာပေါင်း ၆၀၀ ကျော်ကို သောက်သုံးရေ ရရှိရေး အတွက် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များ၊ အလှူရှင်များနှင့်ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကျေးလက်ရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အနေဖြင့် တွင်းတိမ်တူးဖော် ခြင်း လုပ်ငန်းနှင့်လက်တူးတွင်း တူးဖော်ခြင်း လုပ်ငန်းတို့ ဖြစ်ပြီး တွင်းတိမ် ၂၁၆ တွင်း အတွက် ငွေကျပ် ၉၁၁ ဒသမ ၇၇ သန်းကို လည်းကောင်း၊ လက်တူးတွင်း ၃၈၆ တွင်း အတွက် ငွေကျပ် ၁,၇၃၇ သန်းကို လည်းကောင်း အကုန်ကျခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရက် ၁၀၀ အတွင်း အခြား ကျေးလက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အနေဖြင့် စွမ်းဆောင်ရည် မြင့်မားရေးနှင့် အသက်မွေး ဝမ်းကျောင်း ဖွံ့ဖြိုးရေး သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်သည်။
စွမ်းဆောင်ရည် မြှင့်သင်တန်း ကိုးခုအတွက် ငွေကျပ် ၆၄.၇၀ သန်းကို လည်းကောင်း၊ အသက် မွေးဝမ်းကျောင်း သင်တန်း ၃၀ ခု အတွက် ငွေကျပ် ၅၈၉. ၇၈ သန်းကို လည်းကောင်း အကုန်ကျခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြဝတီ သတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.