Connect with us

Politics, Law & Military

ဖားကန့်၌ ရာအိမ်မှူး အမျိုးသမီးတစ်ဦး သေနတ် ၆ ချက် ပစ်သတ်ခံရမှုအပေါ် အသေးစိတ် စစ်ဆေး စုံစမ်းနေ ဟုဆို

ဖားကန့်မြို့တွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ဖားကန့် မြို့နယ်၊ ဆိပ်မူ ကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာ ရာအိမ်မှူး အမျိုးသမီးအား သေနတ် ၆ ချက် ပစ်ခတ်သွားမှုအပေါ် အသေးစိတ် စုံစမ်း စစ်ဆေး နေကြောင်း ဖားကန့် ရဲစခန်းမှ အရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ရာအိမ်မှူး အမျိုးသမီး ဒေါ်နန္ဒာလှိုင် (အသက် ၄၀ နှစ်) အား သူမနေအိမ်တွင် မေလ ၂၂ ရက် ညနေ ၅ နာရီခန့်က လူနှစ်ဦး သေနတ်ဖြင့် ခြောက်ချက် ပစ်ခတ်မှု အပေါ် စုံစမ်း စစ်ဆေးနေပြီး မည်သည့် အဖွဲ့အစည်းက ပစ်ခတ်သည်ကို စုံစမ်း စစ်ဆေးနေစဉ် ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
ယင်း သေဆုံးသွားသည့် ရာအိမ်မှူး အမျိုးသမီးသည် တရားမဝင် စွန့်ပစ်မြေစာပစ်သည့် ကိစ္စများအရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသူ တစ်ဦးဖြစ်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် တစ်ဦးလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.