Connect with us

Africa & Middle East

အီဂျစ်စစ်တပ်သည် ဆိုင်းနိုင်းဒေသ၌ စစ်ဆင်ရေး တစ်ခု ပြုလုပ်ပြီးနောက် စစ်သွေးကြွ ၈၅ ဦးအား သုတ်သင်နိုင်ခဲ့

အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုင်ရို၊ မေ ၂၆ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ စစ်တပ်သည် တည်ငြိမ် အေးချမ်းမှု မရှိသေးသည့် ဆိုင်းနိုင်း ကျွန်းဆွယ်တွင် လေးရက်ကြာ စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီးနောက် စစ်သွေးကြွ ၈၅ ဦးကို သုတ်သင် နိုင်ခဲ့ကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရှိသူ က မေလ ၂၅ တွင် ပြောကြားခဲ့သည်။

စစ်တပ်ပြောရေး ဆိုခွင့်ရှိသူ Mohamed Samir က အဆိုပါ စစ်ဆင်ရေး ကို စစ်သွေးကြွများ လှုပ်ရှားမှု အများဆုံး ဖြစ်သည့် ဆိုင်းနိုင်း အလယ်နှင့် မြောက်ပိုင်း ဒေသများတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
၎င်းက စီးနင်းမှုကြောင့် ဆိုင်းနိုင်းဒေသ မြောက်ပိုင်းမြို့များ ဖြစ်သည့် Sheikh Zuweid နှင့် Rafah မြို့များရှိ တဲ အလုံး ၁၉၀ နှင့် အိမ် ၅၇ လုံး မီးလောင်ကျွမ်းခဲ့ပြီး စစ်သွေးကြွများ ပုန်းအောင်းရာ နေရာ ၇၃ ခုနှင့် ၎င်းတို့ အသုံးပြုသည့် မော်တော်ယာဉ် ၁၀ စီးအား ဖျက်ဆီးပစ်နိုင်ခဲ့သည်။
အီဂျစ်သမ္မတဟောင်း မော်စီကို ဖြုတ်ချခဲ့ပြီး ၎င်း၏ မွတ်စလင် ညီအကိုများ အုပ်စုကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ နောက်ပိုင်းမှစ၍ အီဂျစ်နိုင်ငံသည် အစိုးရဆန့်ကျင်ရေး အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်။
ဆိုင်းနိုင်း အခြေစိုက် စစ်သွေးကြွ အုပ်စုသည် ပြည်နယ်အတွင်းရှိ IS စစ်သွေးကြွ အဖွဲ့ကို သစ္စာခံ၍ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း ရဲတပ်ဖွဲ့ဝင်နှင့် စစ်သား ရာပေါင်းများစွာကို သေဆုံးစေခဲ့သည့် အကြမ်းဖက်မှုများစွာ ကို လုပ်ဆောင်ခဲ့ကြသည်။
စစ်သွေးကြွများ၏ အကြမ်းဖက်မှုများကို တုံ့ပြန်သည့် အနေဖြင့် အီဂျစ် စစ်တပ်ကလည်း ကျွန်းဆွယ်အတွင်း စစ်ဆင်ရေး များစွာကို ဆက်တိုက် ဆောင်ရွက်ခဲ့ပြီး စစ်သွေးကြွ ရာပေါင်းများစွာကို သုတ်သင်နိုင်ခဲ့ကာ အလားတူ အရေအတွက် ဖြစ်သည့် သံသယရှိသူများကိုလည်း အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဆိုင်းနိုင်း ကျွန်းဆွယ် အတွင်း စစ်ဆင်မှုများ ပြုလုပ်ခဲ့ခြင်းသည် လက်ရှိ သမ္မတ Abdel-Fattah al-Sisi က ကြေညာခဲ့သည့် နိုင်ငံတွင်း အကြမ်းဖက်မှု ဆန့်ကျင်ရေး တိုက်ပွဲ၏ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.