Connect with us

Politics, Law & Military

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်တွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ-MOFA)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Lim Sung-nam အား ယနေ့ မွန်းလွဲ ၁၄း၁၅ နာရီတွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

တွေ့ဆုံ ဆွေးနွေးမှုတွင် ကိုရီးယားသမ္မတနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအား ဖွံ့ဖြိုးရေး ဆိုင်ရာ အထောက် အပံ့များ ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဘက်မှ လိုအပ်မည့် ဦးစားပေး ဆောင်ရွက်လိုသည့် ကဏ္ဍများနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ကိုရီးယားသမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးအား နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်မှ လည်း ယနေ့နံနက် ၁၀း၀၀ နာရီ တွင် သီးခြား တွေ့ဆုံခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.