Connect with us

Politics, Law & Military

လူပုဂ္ဂိုလ်အမည်များဖြင့် မြေနေရာ ချထားပေးခဲ့မှုများ ပြန်လည်စိစစ်၍ ဖျက်သိမ်းရန် မန္တလေး တိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတင်သွင်း

ဒုတိယ အကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

မန္တလေး တိုင်းဒေသကြီး အတွင်းရှိ မြေကွက်များနှင့် ပလပ်မြေများအား လူပုဂ္ဂိုလ်အမည်ဖြင့် ချထားပေးခြင်း၊ မြေငှားဂရမ် ထုတ်ပေးခြင်းများကို ပြန်လည် စိစစ်၍ ဖျက်သိမ်းပေးရန် တိုက်တွန်းသည့် အဆိုကို ဒုတိယအကြိမ် မန္တလေး တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၌ တင်သွင်းခဲ့သည်။

ယင်း အဆိုကို ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးကို တင်သွင်းခဲ့ရာ လွှတ်တော်တွင် ဆွေးနွေးရန် ကန့်ကွက်သူမရှိ လက်ခံခဲ့သည်။

စည်ပင်သာယာ နယ်နိမိတ် အတွင်း ၁၉၉၂ ခုနှစ် မြို့ကွက်သစ်များ ဖော်ထုတ်ခဲ့စဉ်က ပညာရေး၊ ကျန်းမာရေး၊ ဈေးနှင့် ရုံးများ တည်ဆောက်ရန် သတ်မှတ်ခဲ့သည့် မြေနေရာများ၊ ပလပ်မြေများအား ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လက လူပုဂ္ဂိုလ် အမည်များဖြင့် မြေနေရာချ ထားပေးမှုများ တွေ့ရကြောင်း၊ အမရပူရ မြို့နယ်တွင် ၃.၁၉ ဧက၊ ပုသိမ်ကြီး မြို့နယ်တွင် မြေယာပုံစံ ၃ဝ (ခ) ၅၇၄.၄၁ ဧကနှင့် ပုံစံ ၃ဝ (က) ၁၆.၃၈ ဧက၊ ပြည်ကြီးတံခွန် မြို့နယ်တွင် မြေဧက အကျဉ်း ၃၇.ဝ၂ ဧကနှင့် အကျယ် ၁၄၄.၆၄ ဧက၊ ချမ်းမြသာစည် မြို့နယ်တွင် ၃၉.၂၄ ဧက တို့ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.