Environment, Disasters & Accidents
နိုင်ငံ အနှံ ဇွန်လအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှု ၁,၂၈၃ မှုတွင် သေဆုံးသူ ၃၄၃ ဦး ရှိ
 
																								
												
												
											ရန်ကုန် ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုမှာ ဇွန်လအတွင်း ၁,၂၈၃ မှု ရှိသည့် အနက် ဒဏ်ရာရရှိသူ ၁,၇၈၄ ဦး ၊ သေဆုံးသူ ၃၄၃ ဦး ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
ယာဉ်မတော်တဆ ဖြစ်ပွားမှုမှာ ရန်ကုန် တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပြီး ၂၁၈ မှု ရှိရာ သေဆုံးသူ ၄၆ ဦး ရှိခဲ့ပြီး ပဲခူး တိုင်းဒေသကြီးသည် ဒုတိယ အများဆုံး အဖြစ် ယာဉ်မတော်တဆ ဖြစ်ပွားမှု ၁၆၉ မှု ရှိရာ သေဆုံးသူ ၃၁ ဦး ရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ယာဉ်မတော်တဆမှု ၈,၅၉၁ မှု ဖြစ်ပွားခဲ့ပြီး တစ်ရက် ပျမ်းမျှ ယာဉ်မတော်တဆမှု ၄၇.၂၀ မှု၊ ဒဏ်ရာရရှိမှု ၇၈.၆၇ ဦး၊ သေဆုံးသူ ၁၃.၉ ဦး ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆယ်စုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူမှာ ၃.၄၅ ဆ မြင့်တက်လာကြောင်း သိရသည်။  (Xinhua)
