Videos
ဘောလုံးကြယ်ပွင့် လိုင်ယွန်နယ်မက်ဆီ အခွန်ရှောင်မှုဖြစ်ပွား
မက်ဒရစ်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
ဘောလုံးလောကကြယ်ပွင့် လိုင်ယွန်နယ်မက်ဆီ ကို ဇူလိုင်လ (၆) ရက်နေ့ က စပိန်တရားရုံးမှ အခွန်ရှောင်မှု (၃) မှု ဖြင့်ထောင်ဒဏ် ၂၁ လ ချမှတ်ခဲ့ကြောင်းသိရသည်။ ထို့အပြင်ဒေါ်လာ ၂ သန်းခန့် ကို လည်းဒဏ်တပ်ခံခဲ့ရသည်။ ၎င်း၏ ဖခင်ဂျော့ဟာဘာဆီယို ကိုလည်း ဝင်ငွေခွန်ပေးဆောင်ရန်ပျက်ကွက်မှုဖြင့် ယူရို ၁.၅ သန်းကို ဒဏ်ရိုက်ခဲ့သည်။ သို့သော် စပိန်နိုင်ငံ ဥပဒေများအရ (၂)နှစ်အောက် ထောင်ဒဏ်များမှာ ထောင်ထဲသို့ သွားရောက်နေထိုင်ရခြင်း မဟုတ်ဘဲ ဆိုင်းငံ့သဘောမျို းဖြင့် အာဏာပိုင်တစ်ဦး၏ စောင့်ကြည့်မှုအောက်တွင် နေထိုင်သည့်အခွင့်အရေး ရှိနေသည်။ ယင်းစောင့်ကြည့်ကာလအတွင်း လူမှုအကျိုးပြုလုပ်ငန်းများ ပြုလုပ်သွားရဖွယ် ရှိနေပြီး ပြစ်မှုတစ်စုံတရာ ထပ်မံပြုလုပ်ပါက ပြစ်ဒဏ်မှာ ချက်ချင်းသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)