Connect with us

Culture & Entertainment

၁၉ကြိမ်မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ ၂၀၁၈ခုနှစ် တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲလိုဂိုအားတွေ့ရစဉ် (အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၃၁ရက် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားမည် ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ အားကစားပြိုင်ပွဲ တွင် အာဆီယံ နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပြီး အားကစား ပြိုင်ပွဲတွင် ထည့်သွင်း ယှဉ်ပြိုင်မည့် အားကစားနည်း များကို အာဆီယံ တက္ကသိုလ်များ အားကစား ကောင်စီ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး မည်ဖြစ်ပြီး ပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှ ၂ဝ ရက်အထိ ကျင်းပရန် လျာထားကြောင်း သိရသည်။

ထို့ပြင် အာဆီယံတက္ကသိုလ် များ အားကစားပြိုင်ပွဲ ပြုလုပ်ရန် တက္ကသိုလ်အသီးသီး မှကျင်းပသည့် ကျောင်းတွင်း အားကစား ပြိုင်ပွဲများက များစွာ အထောက်အကူ ပြုကြောင်း၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ဇူလိုင် ၂၉ ရက်က ကျင်းပသည့် နေ့သင်တန်း ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် ကာယဗလမောင်၊ ကာယကြံ့ခိုင်မှု နှင့် ကာယအလှမယ် ပြိုင်ပွဲသည် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ တွင် အရေးပါသည့် အားကစားနည်း တစ်ခု ဖြစ်ကြောင်း၊ ယင်း အားကစားပြိုင်ပွဲ များတွင် ဉာဏ်ရည်မြင့်သည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များပါဝင်နိုင်ခွင့် ရရှိနိုင်စေရန် ကျောင်းတွင်း ပြိုင်ပွဲများကျင်းပ ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၁၉) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် အာဆီယံ အားကစား ကောင်စီနှင့် အာရှတက္ကသိုလ် အားကစား
ကောင်စီတို့တွင် အထောက်အပံ့ များကို တောင်းခံပြီး ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117