Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် နေအိမ်အများအပြား ပြောင်းရွှေ့

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင်း မြစ်ရေမြင့်တက်မှုကြောင့် လှေဖြင့်သွားလာနေရစဉ် (ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်နှင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်အများအပြား ပြောင်းရွှေ့ထားရကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

” ဧရာဝတီမြစ်ရေ နောက်ထပ် ငါးပေလောက်သာ ထပ်တက်ရင် မြစ်ဘေးနေသူများအတွက် စိုးရိမ်ရတယ်၊ အသက်အရွယ်ကြီးတဲ့ လူတွေတော့ လွတ်ရာကို ပြောင်းကြတယ်၊ တချို့ကတော့ မပြောင်းကြသေးဘူး” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရှမ်းလေးကျွန်းရှိ အိမ်နေအများအပြား ရေမြုပ်လျက်ရှိပြီး နေအိမ်တချို့ပြောင်းရွှေ့ကြသော်လည်း အိမ်အချိူ့ မှာမူ အိမ်ခေါင်အထိ ရေတက်လာသည့်တိုင် တန်းထိုးနေနေကြကြောင်း အဆိုပါ မြို့နယ်သို့ သွားရောက်သော ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း နေအိမ် အချို့ ရေမြုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
“မန္တလေးမှာ ဧရာဝတီမြစ်နဲ့ နီးတဲ့ နေရာတွေ အကုန်ရေတက်နေတယ်၊ အိမ်တွေအကုန်မြုပ်နေတယ်၊ စစ်ကိုင်း မန္တလေးလမ်းလဲ ရေကျော်ကုန်ပြီ”ဟု ၎င်းက ဆိုသည်။
ဧရာဝတီ၊ ချင်းတွင်း၊ ဒုဋ္ဌဝတီ၊ ငဝန် မြစ်ရေများ လက်ရှိချိန်ထိ တိုးနေပြီး စိုးရိမ်ရေအမှတ်များ ကျော်နေကြောင်း၊ အဆိုပါ မြစ်များနှင့် နီးစပ်ရာ
အနိမ့်ပိုင်း ရွာများ ၊လယ်ကွင်းများ ၊လမ်းများရေဖုံးလျက်ရှိနေသည်။

အဆိုပါ ရေကြီးမှုကြောင့် လှေများဖြင့်သွားလာနေရကာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် စက်လှေတစ်စီး မှောက်ပြီး လူသုံးဦး ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

“ရေတွေကဆက်တက်နေပါလိမ့်ဦးမယ်။ နောက်ထပ်မြစ်ရေတွေလည်း တိုးပြီးတက်လာပါဦးမယ်။ ပင်လယ်ခရီးတွေမှာလည်း မြန်မာ့ကမ်းရိုးတန်းတလျှောက် လေတွေ၊ လှိုင်းတွေ၊ မိုးတွေ တိုးလာဖို့ရှိနေပါတယ်” မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေးများ ပြုလုပ်ရန် သုံးရက်တိုင်တိုင် စောင့်ကြည့်လျက်ရှိပြီး ရေမြုပ်နေသည့် နေအိမ်၊ ရေဘေးသင့်ပြည်သူ မည်သည့်အရေအတွက် ရှိသည်ကို သက်ဆိုင်ရာက ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း ပုသိမ်ကြီးမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.