North America
အမေရိကန် F-16 တိုက်လေယာဉ် တစ်စင်းမှ အရပ်ဖက် လေယာဉ် တစ်စင်းနှင့် တိုက်မိကာ ပျက်ကျခဲ့
ဝါရှင်တန် ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
အမေရိကန်လေတပ် မှ F-16 တိုက်လေယာဉ် တစ်စင်းသည် ဇူလိုင်လ ၇ ရက်နေ့က South Carolina ပြည်နယ် ကောင်းကင်တွင် အရပ်ဖက် လေယာဉ် တစ်စင်း နှင့် တိုက်မိ၍ ပျက်ကျ သွားခဲ့သည်။
အမေရိကန် စစ်ဘက်ရေးရာမှ သတင်းအရ F-16 တိုက်လေယာဉ် မှ လေယာဉ်မှူး သည် အခင်းဖြစ်ပွားခဲ့စဉ် တွင် အော်တို အသက်ကယ် လေထီးဖြင့် လွတ်မြောက် ခဲ့ပြီး မြေပြင် ကယ်ဆယ်ရေး အဖွဲ့မှ ကယ်ဆယ် နိုင်ခဲ့ ကြောင်း ၊ စစ်လေယာဉ်နှင့် တိုက်မိသော C-150 အရပ်ဖက် လေယာဉ်မှ ထိုခိုက်သေဆုံးမှု အခြေအနေကို မသိရှိ ရသေးကြောင်း ပြောကြား ခဲ့သည်။
အမေရိကန် ဖယ်ဒရယ် လေကြောင်း ဌာန မှ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ခန့် တွင် F-16 တိုက်လေယာဉ် နှင့် C-150 အရပ်ဘက် လေယာဉ် တို့သည် South Carolina ပြည်နယ် မြေပြင် အထက် ၁၈ ကီလိုမီတာ တွင် တိုက်မိခဲ့ကြောင်း ပြောကြား ခဲ့သည်။ အခင်းဖြစ်ပွားစဉ် မျက်မြင်တွေ့ရှိသူ မှ လေယာဉ် တိုက်မိစဉ် တွင် ကောင်းကင်၌ ကြီးမား သော မီးလုံးကြီး ကို မြင်တွေ့ရပြီးနောက် ပေါက်ကွဲသံ ကို ကြားခဲ့ရကြောင်း သိရှိရသည်။
ဒေသ ရဲဌာန မှ C-150 အရပ်ဘက် လေယာဉ် ပျက်ကျ ခဲ့သည့် တည်နေရာ ကို အတည်ပြုနိုင်ပြီး ဖြစ်ကြောင်း ၊ သို့သော် လေယာဉ်ပေါ်တွင် ခရီးသည် မည်မျှလိုက်ပါ ခဲ့သည် ကို မသိရှိရသေးကြောင်း ၊ အမေရိကန် လေတပ် ဌာန မှလည်း စုံစမ်းစစ်ဆေးရေး အဖွဲ့စေလွှတ်၍ ယခု ကိစ္စ ဖြစ်ပွားခဲ့သည့် အကြောင်း အရင်းကို စစ်ဆေး နေပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အမေရိကန် လေတပ်မှ F-16 တိုက်လေယာဉ် ကို ၁၉၇၀ ခုနှစ် မှ စတင် အသုံးပြုခဲ့သည်။ အမေရိကန် မီဒီယာ ဌာန တစ်ခု မှ စာရင်းပြုစုချက်အရ ၁၉၇၅ ခုနှစ်မှ စတင်၍ F-16 တိုက်လေယာဉ် သည် မကြာခဏ အခင်းဖြစ်ပွားလေ့ရှိပြီး စုစုပေါင်း ၃၅၉ ကြိမ် အခင်းဖြစ်ပွားခဲ့ကာ လေယာဉ်မှူး ၈၄ ဦးသေဆုံး ခဲ့ရကြောင်း သိရှိရသည်။ C-150 လေယာဉ်သည် အသုံးများသည့် အင်ဂျင် တစ်လုံးတည်း တပ်ဆင်ထားသည့် လေယာဉ် အမျိုးအစား ဖြစ်ပြီး ပုံမှန် အားဖြင့် လေယာဉ် တွင် ထိုင်ခုံ နှစ်ခု တပ်ဆင် ထားသည်။ (Xinhua)