Connect with us

North America

အမေရိကန်နှင့် ပြင်သစ် ကာကွယ်ရေး ဝန်ကြီးများမှ IS အကြမ်းဖက် တပ်ဖွဲ့အား ပူးပေါင်း တိုက်ခိုက်ရန် ကတိပြု

အမေရိကန် ကာကွယ်ရေး ဌာနချုပ်ရုံး ပင်တကွန် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ashton Carter နှင့် အမေရိကန်သို့ အလည်ပတ် ရောက်ရှိနေသော ပြင်သစ် ကာကွယ်ရေး ဝန်ကြီး Jean-Yves Le Drian တို့သည် ဇူလိုင်လ ၆ ရက်နေ့က ဝါရှင်တန်မြို့တွင် တွေ့ဆုံခဲ့ပြီးနောက် ဆီးရီးယား နိုင်ငံ အတွင်း ရှိ IS အကြမ်းဖက် တပ်ဖွဲ့အား ဆက်လက်၍ ပူးပေါင်း တိုက်ခိုက် သွားမည်ဟု ပူးတွဲ ကြေညာချက် ထုတ်ပြန် ခဲ့သည်။

ထိုနေ့က ပင်တကွန်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် Carter မှ IS တပ်ဖွဲ့အား အပြီးပြတ် ချေမှုန်း နိုင်ရန် အမေရိကန်နှင့် ပြင်သစ် နှစ်နိုင်ငံ အနေဖြင့် ရေရှည် ပူးပေါင်း ကြိုးပမ်း သွားရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

Carter မှ ယခုနှစ် အစောပိုင်းတွင် ပြင်သစ် နိုင်ငံမှ Charles de Gaulle လေယာဉ်တင် သင်္ဘော အား ပင်လယ်ကွေ့တွင် ထားရှိပြီး မဟာမိတ် တပ်၏ IS အပေါ် လေကြောင်း တိုက်ခိုက်မှုအတွက် အထောက်အပံ့ ပေးခဲ့ကြောင်း ၊ ထို့ပြင် IS တပ်ဖွဲ့အား လေကြောင်း တိုက်ခိုက်ရာတွင် ပြင်သစ် နိုင်ငံမှ အရေးပါသော အခန်းကဏ္ဍတွင် ပါဝင် ခဲ့ကြောင်း ၊ အမေရိကန် စစ်တပ် အနေဖြင့် ပြင်သစ် စစ်တပ်အား ထောက်ပံ့ရေး ပစ္စည်း သယ်ယူ ပို့ဆောင်ရေး နှင့် ဝေဟင်တွင် လောင်စာဆီ ဖြည့်ခြင်း များအား ဆက်လက်၍ ဆောင်ရွက် သွားမည်ဖြစ်ပြီး နှစ်ဘက် ပူးပေါင်းမှု ပိုမို နက်ရှိုင်းစွာ ဆောင်ရွက် သွားမည်ဟုပြောကြား ခဲ့သည်။

ပြင်သစ် ကာကွယ်ရေး ဝန်ကြီး Jean-Yves Le Drian မှ IS အဖွဲ့သည် ယခုအချိန်တွင် အကြမ်းဖက် အဖွဲ့မှ စစ်တပ် အသွင်သို့ကူးပြောင်း လာပြီ ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် IS အဖွဲ့သည် နယ်မြေ သိမ်းပိုက်ရေး ၊ စစ်ဆင်ရေးနှင့် အကြမ်းဖက်မှု များကို တပြိုင်တည်း ဆောင်ရွက် နိုင်သော စွမ်းရည်များ ပိုင်ဆိုင်နေပြီ ဖြစ်ကြောင်း ၊ ဤကဲ့သို့ အသွင်ပြောင်း လာသော IS အဖွဲ့အပေါ် နိုင်ငံတကာမှ ဗျူဟာများ ပြန်လည် ချမှတ်ကာ တိုက်ခိုက်ရမည် ဖြစ်ကြောင်း ၊ အဆက်မပြတ် လေကြောင်း တိုက်ခိုက်မှု ဆောင်ရွက် နေခြင်းသည် IS အဖွဲ့ အား အပြီးပြတ် ချေမှုန်း နိုင်သည့် လုပ်ဆောင်ချက် မဟုတ်ဘဲ IS တပ်ဖွဲ့၏ တိုးတက်ကြီးထွား လာမှုကို ဟန့်တား နိုင်ရန်နှင့် ထိန်းချုပ် ထားနိုင်ရန် ရည်ရွယ်ကြောင်း ၊ ဤလေကြောင်း တိုက်ခိုက်မှုသည် ရှည်ကြာမည့် စစ်ဆင်ရေး တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် ကာကွယ်ရေး ဌာန၏ နောက်ဆုံး သတင်းထုတ်ပြန် ချက်အရ အမေရိကန်နှင့် မဟာမိတ် တပ်များ သည် ယခင်အပတ်က အီရတ် အနောက်မြောက်ဘက်နှင့် ဆီးရီးယား အရှေ့ဘက်ရှိ ဒေသ အများအပြားတွင် IS အဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှု ၃၈ ကြိမ် ပြုလုပ်ခဲ့သည်။ လေကြောင်း တိုက်ခိုက်မှု ထက်ဝက်ခန့် သည် ဆီးရီးယား နိုင်ငံ Al-Raqqah ရှိ IS တပ်ဖွဲ့ ၏ ပင်မ စခန်းအား တိုက်ခိုက်ခဲ့ဖြင်း ဖြစ်သည်။ ယခင်နှစ် သြဂုတ်လမှ စတင်၍ အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်များသည် IS အဖွဲ့ကို ဦးတည်၍ လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၄,၈၀၀ ပြုလုပ်ခဲ့သည်။ (Xinhua)