Connect with us

Culture

တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာဆိုင်ရာ ဖလှယ်မှု ပိုမို နက်ရှိုင်းစေရန် အတွက် ပေကျင်း ဗုဒ္ဓဘာသာ အသင်းမှ မြန်မာ နိုင်ငံ ရှိ ဆရာတော်ကြီးများအား တရုတ် နိုင်ငံ သို့လာရောက်လည်ပတ်ရန် ဖိတ်ခေါ်

တရုတ် နိုင်ငံ သို့သွားရောက်လည်ပတ်မည့် ခရီးစဉ် နှင့်ပတ်သက်၍ ပြုလုပ်သည့် အသိပေး ရှင်းလင်းပွဲမြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု ၊ ချစ်ကြည်ရေး တိုးပွားစေရန် နှင့် နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ဆိုင်ရာ ဖလှယ်မှု ပိုမို နက်ရှိုင်းစေရန် အတွက် ပေကျင်း ဗုဒ္ဓဘာသာ အသင်း မှ မြန်မာ နိုင်ငံ ရှိ ဆရာတော် ဒေါက်တာ ဘဒ္ဒ န္တဆေကိန္ဒ ဦးဆောင်သည့် အဖွဲ့အား တရုတ် နိုင်ငံ သို့လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဖူမှန်လုံ စားသောက်ဆိုင်၌ တရုတ် နိုင်ငံ ခရီးစဉ် နှင့် ပတ်သက်၍ အသိပေး ရှင်းလင်းပွဲ တစ်ရပ် အား ပြုလုပ် ခဲ့ပါသည်။

ရှင်းလင်းပွဲ၌ ယခု အကြိမ် တရုတ် နိုင်ငံ သို့သွားရောက်လည်ပတ်မည့် ချစ်ကြည်ရေး အဖွဲ့တွင် ရန်ကုန်မြို့ပရိယတ္တိ တက္ကသိုလ် မှ ဆရာတော်များ ၊ မန္တလေးမြို့ ပရိယတ္တိ တက္ကသိုလ် မှ ဆရာတော်များ ၊ မန္တလေးမြို့တွင် ပညာရေး နှင့် ပရဟိတ လုပ်ငန်းများဆောင်ရွက်နေသည့် ဆရာတော်များ စုစုပေါင်း ဆရာတော် ၁၃ ပါး နှင့်တကွ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှ တာဝန်ရှိသူ ၊ သတင်းမီဒီယာ နှင့် အခြားသက်ဆိုင်ရာ တာဝန်ရှိ သူ စုစုပေါင်း ၁၈ ဦးအဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည် ဖြစ်ကြောင်းသိရှိ ခဲ့ရသည်။

တရုတ် နိုင်ငံ သို့ နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၃ ရက်အထိ လည်ပတ်ရေး ခရီးစဉ် အတွင်း ချစ်ကြည်ရေး အလည်အပတ် အဖွဲ့သည် တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ ဆိုင်ရာ အသင်းအဖွဲ့များ နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး တရုတ် နိုင်ငံ ရှိ ယုံဟော်ကုန် ၊ လင်ကွမ်းကျောင်း (စွယ်တော်ကျောင်း) ၊ ထန်ကျယ် ကျောင်းတိုက် ၊ ကျဲ့ထိုင်ကျောင်းတိုက် ၊ ယွင်ကျွီးကျောင်းတိုက် ၊ ထရန်နင်းကျောင်းတိုက် ၊ ယန်လျှို့ကျောင်းတိုက် ၊ ကွမ်ဟွာကျောင်းတိုက် စသည့် နာမည်ကျော်ကျောင်းတိုက် များ နှင့် တရုတ် နိုင်ငံ အထင်ကရ တည်နေရာများကိုလည်း သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

ရှင်းလင်းပွဲတွင် ဆင်ဟွာသတင်းဌာနက တရုတ်နိုင်ငံ ဗုဒ္ဓဘာသာ နှင့် ပတ်သက်၍ အမြင်အား မေးမြန်းခဲ့ရာတွင် ခရီးစဉ်၌လိုက်ပါသွားမည်ဖြစ်သည့် ဆရာတော် ဒေါက်တာ ဘဒ္ဒ န္တဝဏ္ဏသီရိ မှ တရုတ် နိုင်ငံ ၏ မဟာယာန ဗုဒ္ဓဘာသာ နှင့် မြန်မာ နိုင်ငံ ၏ ထေရဝါဒ ဗုဒ္ဓဘာသာ တို့သည် အခြေခံအားဖြင့် တစ်ခုတည်းသာဖြစ်ပြီး ရောက်ရှိသွားသည့် နေရာဒေသ အလိုက် ထိုဒေသ၏ ယဉ်ကျေးမှု နှင့်ပေါင်းစပ်၍ ပြောင်းလဲမှု အနည်းငယ် ရှိခဲ့ကြောင်း ၊ အနှစ်သာရ အားဖြင့်ကြည့်လျှင် အားလုံးနည်းပါးမှာ တူညီမှု ရှိကြောင်း ၊ အတူတကွ ပူးပေါင်းဆောင်ရွက်မှု များဆောင်ရွက်ရာတွင် မတူညီသော အပိုင်းများကို ချန်ကာ တူညီသည့် အပိုင်းများဖြင့် ဗုဒ္ဓဘာသာ ပိုမိုတိုးတက်ပျံ့ပွားရန် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မိန့်ကြား ခဲ့သည်။ထို့နောက်တွင် ဆရာတော် ဘဒ္ဒ န္တဇာဂရ လင်္ကာရ မှ မဟာယာန ဗုဒ္ဓဘာသာ နှင့် ထေရဝါဒ ဗုဒ္ဓဘာသာ တို့သည် တူညီသည့် အရင်းအမြစ်ဖြင့် ဖြစ်တည်လာသည် ဗုဒ္ဓဘာသာ တစ်ခု တည်းသာဖြစ်ကြောင်း ၊ ယနေ့ခေတ် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဒေသဆိုင်ရာ ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် ဗုဒ္ဓတရားတော် နှင့် ဗုဒ္ဓဘာသာဝင်များ၏ ပါဝင်မှုတို့သည် အလွန်အရေးကြီးကြောင်း ၊ တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ နှင့် သံဃာအချင်းချင်းကြား ဆက်ဆံရေး ၊ ဗုဒ္ဓဘာသာ အချင်းချင်း ကြား ဆက်ဆံရေး ပိုမို နီးကပ် လိုကြောင်း ၊ ဗုဒ္ဓဘာသာဝင်များမှ အတူတကွ ပူးပေါင်းကာ ကမ္ဘာ့ကြီး ငြိမ်းချမ်းအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117