Connect with us

Politics, Law & Military

ကျားခေါင်းပါတီ ဥက္ကဌနှင့် ပါတီခေါင်းဆောင် ၅ ဦး ရွေးကောက်ပွဲ ဝင်မည် မဟုတ်ဟုဆို

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ- ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် )

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (ကျားခေါင်းပါတီ) မှ ကိုယ်စားလှယ်လောင်း ၁၆၀ ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး ပါတီဥက္ကဌ ဦးခွန်ထွန်းဦး အပါအဝင် ပါတီ ခေါင်းဆောင် ၅ ဦးက ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ပဲ ပြင်ပ နိုင်ငံရေး လှုပ်ရှားမှုများ ကိုသာ ဆောင်ရွက် သွားမည်ဟု ကျားခေါင်းပါတီမှ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က ဆင်ဟွာကို ပြောကြား သည်။

ဦးစိုင်းလိတ်က “ ကျွန်တော်တို့ ခေါင်းဆောင် ၅ ယောက် ဖြစ်တဲ့ ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဒုဥက္ကဌ ဦးစိုင်းစောအောင်၊ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၊ တွဲဖက်အတွင်းရေးမှူး ကျွန်တော် ဦးစိုင်းလိတ်ရယ်၊ စည်းရုံးရေးမှူး ဦးအဂ္ဂါ အပါအဝင် ကျွန်တော်တို့ ၅ ယောက်က ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ပါဘူး ’’ဟုပြောသည်။

သမ္မတ ဦးသိန်းစိန်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုနိုင်မည် ဖြစ်ပြီး၊ ၂၀၁၆ တွင် နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်မယ်ဆိုပြီး ပြောထားတာ ရှိတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြင်ပ ဆွေးနွေး မှုများတွင်လည်း ပါဝင်နိုင်ရန် ယခုကဲ့သို့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ဆိုသည်။

ရှမ်းပြည်နယ်တွင် မဲဆန္ဒနယ် အကုန်လုံး ဝင်ရောက် အရွေးခံမည် ဖြစ်ပြီး၊ ကချင်ပြည်နယ်တွင် ၅ နေရာ၊ မန္တလေးတိုင်း ဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့တွင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် နေရာမှ ဝင်ရောက် အရွေးခံမည်ဟု ဆိုသည်။
ကျားခေါင်းပါတီ၏ ဥက္ကဌဖြစ်သူ ဦးခွန်ထွန်းဦးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် သီပေါ မဲဆန္ဒနယ်မှ အနိုင် ရရှိခဲ့သူဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117