Connect with us

Asia

အိန္ဒိယ အရှေ့ပိုင်းတွင် ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် ၃၅ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံရှိ ကျောက်မီးသွေး မိုင်းတွင်း အတွင်းပိုင်းနေရာအား တွေ့ရစဉ် (ဆင်ဟွာ/ရိုက်တာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ်တွင် ကျောက်မီးသွေးမိုင်း တစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အခြား လူ ၆၀ ကျော်လည်း အတွင်းဘက်တွင် ပိတ်မိနေကြောင်း ရဲအရာရှိ တစ်ဦးက ဒီဇင်ဘာလ ၃၀ ရက်က ပြောကြားလိုက်သည်။

ယင်း မတော်တဆမှုသည် ဒီဇင်ဘာလ ၂၉ ရက် ညပိုင်းက Godda ခရိုင်ရှိ Eastern Coalfields Limited ပိုင် Rajmahal Open Cast Mines အတွင်းပိုင်း၌ ရွှံ့နွံပုံကြီးများ ပြိုကျလာခဲ့ကြောင်း၊ ယင်းအချိန် မိုင်းတွင်းအတွင်းပိုင်း၌ ရောက်ရှိနေသည့် မော်တော်ယာဉ် စီးရေ ၄၀ နီးပါး ထိခိုက်ခဲ့ကြောင်း အခင်းဖြစ်ပွားချိန်တွင် ရှိနေသည့် အမည်မဖော်လိုသူ ရဲအရာရှိက ပြောသည်။

မြူခိုးများ ထူထပ်စွာ ကျဆင်းနေသည့်ကြားမှ ယနေ့ နံနက် အစောပိုင်းက ကယ်ဆယ်လုပ်ငန်းများ စတင်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယခု ဖြစ်ပွားသည့် မိုင်းတွင်း ပြိုကျမှုကြောင့် သေဆုံးသူများ မရှိကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

မိုင်း တာဝန်ရှိသူများ ပြောကြားချက်အရ အဆိုပါ ကျောက်မီးသွေး မိုင်းတွင်းသည် မြေကြီးအောက် ၆၁ မီတာခန့်တွင် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ မြူခိုးများ ထူထပ်စွာ ကျဆင်းနေသည့်ကြားမှ မိုင်းတွင် အတွင်းပိုင်း၌ ပိတ်မိနေသည့်ကြားမှ ကယ်ဆယ်နေခြင်းအား ဒေသခံ တီဗီ ချန်နယ်များမှ ရိုက်ကူး တင်ပြထားသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်မီးသွေး ထုတ်လုပ်မှု တတိယ အကြီးဆုံး ဖြစ်ပြီး နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းအား ထောက်ပံ့ပေးထားကြောင်း၊ သို့သော်လည်း မိုင်းတွင်းများ ထိန်းသိမ်းမှု အားနည်းမှုများက ယခုလို မတော်တဆမှု ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117