Africa & Middle East
ဆိုမာလီယာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရုံး အပြင်ဝ တွင် ကားဗုံး ဖောက်ခွဲမှု ဖြစ်ပွား
နိုင်ရိုဘီ ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)
ဆိုမာလီယာ နိုင်ငံ ၏ မြို့တော် မိုဂါဒစ်ရှူး တွင်း တည်ရှိသော ဆိုမာလီယာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရုံး အပြင်ဝ တွင် ဇန်နဝါရီ ၄ ရက်နေ့က ကားဗုံး ဖောက်ခွဲမှု ဖြစ်ပွား ခဲ့ပြီး လုံခြုံရေး ဝန်ထမ်း ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
မိုဂါဒစ်ရှူး ရဲတပ်ဖွဲ့ မှ သတင်း မီဒီယာ များကို ပြောကြားရာတွင် ဆိုမာလီယာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရုံးရှေ့တွင် ရပ်ထားသည့် ကားတစ်စင်း သည် ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ကုလသမဂ္ဂ ဖွံဖြိုးရေး စီမံကိန်း ရုံး မှ အထက်ပါ ကိစ္စရပ် ကို အတည်ပြုခဲ့ပြီး ဝန်ထမ်း များ ထိခိုက်ခဲ့ခြင်း လုံးဝ မရှိကြောင်း ပြောကြား ခဲ့သည်။
ဆိုမာလီယာ အစွန်းရောက် အဖွဲ့အစည်း ဖြစ်သည့် Al-Shabaab မှ ကားဗုံးဖောက်ခွဲမှု ကို ပြုလုပ် ခဲ့ကြောင်း ထုတ်ပြန် ခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက်တွင် ဆိုမာလီယာ လုံခြုံရေး ဌာန က အနီးအနား နေရာများတွင် Al-Shabaab အဖွဲ့ဝင် ဟု သံသယ ရှိသူ ၉ ဦးကို ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်။
ဆိုမာလီယာ ၏ Al-Shabaab အဖွဲ့သည် Al-Qaeda နှင့် အဆက်အသွယ် ရှိသည့် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်ပြီး ယခုနှစ်ပိုင်း တွင် ဆိုမာလီယာ နှင့် အိမ်နီးချင်း နိုင်ငံများတွင် အကြမ်းဖက် တိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ် ခဲ့သည်။(Xinhua)