Connect with us

Africa & Middle East

တောရိုင်း တိရစ္ဆာန်များအား အိမ်မွေးအဖြစ် မွေးမြူခြင်းကို ယူအေအီး တားမြစ်

ယူအေအီးတွင် ယာဉ်မောင်းနှင့်အတူ ကားစီးနေသည့် ကျားသစ် တစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒူဘိုင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ခြင်္သေ့များနှင့် ကျားများကဲ့သို့ တောရိုင်း တိရစ္ဆာန်များအား ကိုယ်ပိုင် အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူခြင်းအား အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) က တရားဝင် ခွင့်ပြုမထားကြောင်း ဒေသခံ မီဒီယာက သတင်းရေးသားထားသည်။

ဥပဒေသစ်အရ တောရိုင်း တိရစ္ဆာန်များအား ယဉ်ကျေးအောင် သင်ထားသော်လည်းပဲ ၎င်းတို့ကို ပိုင်ဆိုင် ထိန်းသိမ်းခြင်းအား တားမြစ်လိုက်ကြောင်း Gulf News သတင်းက ဇန်နဝါရီလ ၄ ရက်က ရေးသားထားသည်။ အဆိုပါ တောရိုင်း တိရစ္ဆာန်များအား တိရစ္ဆာန်ရုံများ၊ တောရိုင်း တိရစ္ဆာန် ဥယျာဉ်များ၊ ဆပ်ကပ်ပြပွဲများ၊ မွေးမြူရေးနှင့် သုတေသန အဖွဲ့အစည်းများတွင်သာ မွေးမြူထားရှိနိုင်မည် ဖြစ်သည်။

ယူအေအီးနိုင်ငံတွင် အာဖရိက တောလိုက် ကျားသစ် (သစ်ကျုတ်) များနှင့် ကျားများ အပါအဝင် ရှားပါး တိရစ္ဆာန်များကို အိမ်မွေး တိရစ္ဆာန်များအဖြစ် မွေးမြူထားသည့်ပုံများအား လူမှုစာမျက်နှာတွင် တင်ပြခဲ့သည်။ လူမှု မီဒီယာတွင် တင်ခဲ့သည့် ဓာတ်ပုံများတွင် ယူအေအီး နိုင်ငံသားများသည် ကြောင်ကြီးများနှင့် ကစားနေသည့်ပုံများ တွေ့ခဲ့ရသည်။

ထို့ပြင် အောက်တိုဘာလတွင် ဒူဘိုင်း၏ အထင်ကရ ဟိုတယ်ဖြစ်သည့် Burj Al-Arab အနီးရှိ ကမ်းခြေတွင် ရေကစားနေသည့် ကျား ငါးကောင်အား ရိုက်ကူးထားသည့် ဗီဒီယို အွန်လိုင်းပေါ် ပျံ့နှံ့ ပေါ်ထွက်လာခဲ့သည်။

မေလတွင်လည်း ကာတာနိုင်ငံ၌ ကျားတစ်ကောင်အား ချည်နှောင်ထားသည့် ချိန်းကြိုး လွတ်သွားခဲ့သည့် အတွက် အဝေးပြေးလမ်းမကြီးတွင် ကားလမ်း ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

ယခု ပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်အရ အဆိပ်ရှိသော တိရစ္ဆာန်အား အများပြည်သူ နေရာတွင် မွေးမြူခဲ့ပါက ထောင်ဒဏ် ၆ လ အပါအဝင် ဒဏ်ငွေ ယူအေအီးငွေ ၅၀၀,၀၀၀ Dirhams (အမေရိကန်ဒေါ်လာ ၁၃၆,၀၀၀) ချမှတ်ခံရမည် ဖြစ်သည်။ တောကြောင်များဖြင့် အခြားသူများအား ခြိမ်းခြောက်ခဲ့ပါက ထောင်ဒဏ် သို့မဟုတ် ဒဏ်ငွေ Dirhams ၇၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၉၁,၀၀၀) ပေးဆောင်ရမည် ဖြစ်သည်။

ထို့ပြင် ခွေးပိုင်ရှင်များ အနေဖြင့်လည်း ခွင့်ပြုချက်ရယူရမည် ဖြစ်ကာ ၎င်းတို့ ခွေးများကို အများပြည်သူကြားတွင် ကြိုးဖြင့် ချည်နှောင်ထိန်းသိမ်းထားရမည် ဖြစ်သည်။ တားမြစ်ထားခြင်း သို့မဟုတ် ဒဏ်ကြေး Dirhams ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၇,၀၀၀) ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.