Connect with us

Politics, Law & Military

စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ မူကြမ်းသစ်၌ ဒဏ်ငွေ၁ဝ ဆကျော် တိုးမြှင့်

အရည်အသွေးနိမ့်စားသောက်ကုန်များကို ဖျက်ဆီးနေစဉ်(ဓာတ်ပုံ- တာချီလိတ်)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ယခုနှစ်အတွင်း ထွက်ရှိလာမည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ မူကြမ်းသစ်တွင် ဒဏ်ငွေများကို ၁၀ဆ ကျော်ထိ တိုးမြှင့်ထားကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါဥပဒေမူကြမ်းသစ်တွင် ဒဏ်ငွေပိုင်း၌ သတ်မှတ်ထားသည့် ပုဒ်မများကိုကျူးလွန်ပါက ယခင်ဒဏ်ကြေး ၁ဝ ဆအထိချမှတ်ထားကြောင်း၊ ထောင်ဒဏ်မှာ ယခင်ဥပဒေနှင့် ကွာခြားမှုသိပ်မရှိ ကြောင်း သိရသည်။

ယင်း ဥပဒေ၌ အငြင်းပွားမှုဖြေရှင်းရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်သာမက ခရိုင်အဆင့်အထိဖြေ ရှင်းနိုင်ရန် ဆောင်ရွက်ထားကြောင်း၊ ဥပဒေသစ်ပေါ်လာလျှင် စားသုံးသူ ရေးရာ ဦးစီးဌာနအနေနှင့် ချက်ချင်းအရေးယူနိုင်ကြောင်း သိရသည်။

ယခင် ၂ဝ၁၄ ခုနှစ် စားသုံးသူအကာ အကွယ်ပေးရေးဥပဒေထဲ၌ ပုဒ်မ ၉၊ ပုဒ်မ ၁ဝ၊ ပုဒ်မ ၁၁၊ ပုဒ်မ ၁၂၊ ပုဒ်မ ၁၃ နှင့် ပုဒ်မ ၁၄ တို့တွင် ပါရှိသည့် အကြောင်းအရာ များကို စီးပွားရေးလုပ်ငန်းရှင်များ ကျူးလွန် ကြောင်း ပြစ်မှု ထင်ရှား ပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ် သိန်း ၅ဝ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်ငွေ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရန် သတ်မှတ်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.