Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်လိုင်စင်မဲ့ယာဉ်များ အသုံးပြုမှုကို ဥပဒေနှင့်အညီ အရေးယူမည်

ရန်ကုန်မြို့တွင်း ယာဉ်များ သွားလာနေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်လိုင်စင်မဲ့ယာဉ်များ အသုံးပြုမှုကို ပြဋ္ဌာန်းဥပဒေများနှင့်အညီ ထိရောက်စွာ စစ်ဆေးအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေး ကြေညာချက်အရ သိရသည်။

ရန်ကုန်မြို့တွင်း၌ ယာဉ်ကြောကျပ်တည်းရမှုတွင် တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များသည် နံပါတ် အနီ/အနက်များ တပ်ဆင် မောင်းနှင်လျက် ရှိသည့်အပြင် ဒုစရိုက်လုပ်ငန်းများပါဆောင်ရွက်နိုင်သောကြောင့် တရားဥပဒေ စိုးမိုးရေးကို အဟန့်အတား ဖြစ်ပေါ်စေခြင်းနှင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေများလည်း နစ်နာဆုံးရှုံးမှုရှိနေခြင်းများကြောင့် တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် အသုံးပြုနေသူများကို ပြဋ္ဌာန်းဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.