Connect with us

Social

မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားပြီးစီးလျှင် မြန်မာဘက်မှ မြေယာပိုင်ရှင်များကို ကျပ် သန်း၃၅၂၆ကျော် ပေးအပ်မည်

မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားတည်ဆောက်နေမှုကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတား တည်ဆောက်မှုပြီးစီးလျှင် မြန်မာနိုင်ငံဘက်မှမြေယာများအတွက် မြေပိုင်ရှင် ၇၁ ဦးအား စုစုပေါင်းငွေကျပ် ၃၅၂၆ သန်းကို နိုင်ငံတော်အစိုးရက ပေးအပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ တံတား တည်ဆောက်မှုသည် မတ်လအတွင်း ရာနှုန်းပြည့်ပြီးစီးမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံတံတား ချိတ်ဆက်ပွဲ အခမ်းအနား ကို မတ် ၂၅ ရက်တွင် ကျင်းပနိုင်ရန် ပြင်ဆင်ထားပြီး ယင်းတံတားသည် မြန်မာ-ထိုင်း-လာအို- ဗီယက်နမ်နိုင်ငံတို့ကိုပါ ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

တံတားကို ၂ဝ၁၅ ခုနှစ် သြဂုတ်၃ဝ ရက်တွင် စတင်တည်ဆောက်လျက်ရှိပြီးမြန်မာနိုင်ငံဘက်ကမ်း တည် ဆောက်ရေးဧရိယာအတွင်းပါဝင်သော မြေယာနစ်နာကြေးများကို ၂ဝ၁၆ ခုနှစ် မတ် ၄ ရက်တွင် ငွေကျပ် သိန်း ၁၁ဝဝ ကိုလည်းကောင်း၊၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ငွေကျပ်သိန်း ၁ဝဝဝဝ ကိုလည်းကောင်း၊ ၂ဝ၁၇ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ငွေကျပ် ၂ ဒသမ၆၄ သန်းကိုလည်းကောင်း ပေးအပ်ထားပြီးဖြစ် ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.