Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီး သြစတြေးလျ နှင့် နယူးဇီလန်သို့ အလည်အပတ်ခရီးသွားရောက်မည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် သြစတြေးလျ နှင့် နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဖြစ်ကြသည့် Julie Bishop နှင့် Murray McCully တို့၏ ဖိတ်ကြားချက်အရ ယင်းနိုင်ငံများသို့ ဖေဖော်ဝါရီ ၇ ရက်မှ ၁၀ရက်အထိ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန် က ယင်းခရီးစဉ်နှင့် ပတ်သက်၍ ပေကျင်းမြို့တွင် ဖေဖော်ဝါရီ ၃ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

ဝမ်၏ ခရီးစဉ်အတွင်း ၎င်းသည် လေးကြိမ်မြောက် တရုတ်-သြစတြေးလျ သံတမန်ရေးရာ နှင့် မဟာဗျူဟာဆွေးနွေးပွဲ အား Bishop နှင့် ပူးတွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ McCully နှင့်လည်း ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကာ နှစ်နိုင်ငံခေါင်းဆောင်များ နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း လုက ပြောကြားခဲ့သည်။

လုက ဝမ်၏ခရီးစဉ်သည် နိုင်ငံရေးအရ ယုံကြည်မှုခိုင်မာလာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်စွာလုပ်ဆောင်လာနိုင်ရန် နှင့် တရုတ်-သြစတြေးလျ၊ တရုတ်-နယူးဇီလန် တို့၏ ဘက်ပေါင်းစုံမှ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများ အရှိန်အဟုန်မြင့်တက်လာစေရန် အကူအညီပေးနိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၇ခုနှစ်သည် တရုတ်နိုင်ငံ နှင့် သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့ အကြား သံတမန်ဆက်ဆံမှု ၄၅နှစ်ပြည့်မြောက်သော နှစ်တစ်နှစ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.