Connect with us

Social

ရန်ကုန်တိုင်းဒေသကြီး၌ သုံးပတ်တွင်း သစ် တန် ၁၂၀၀ကျော်၊ တန်ဖိုး ကျပ် သိန်းပေါင်း ၃၀၀၀၀ကျော် ဖမ်းဆီးရမိဟုဆို

ဒဂုံဆိပ်ကမ်းစက်မှုဇုန်(၁)အတွင်းရှိ ဂိုဒေါင်တစ်ခု၌ တရားမ၀င် သစ်များအားတွေ့ရစဉ်(ဓာတ်ပုံ-သစ်တောဦးစီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၂၄ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်ထိ သုံးပတ်အတွင်း တရားမဝင် သစ် တန်ချိန် ၁၂၀၀ကျော် ကာလတန်ဖိုး ကျပ် သိန်းပေါင်း ၃၀၀၀၀ကျော်အား ဖမ်းဆီးရမိထားကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်မြို့၊ MIP ဆိပ်ကမ်းဝင်းအတွင်းရှိ ကုန်သေတ္တာ ၂ လုံးတွင် တရားမဝင်ကျွန်း တန် ၃၀ ကျော် ဖမ်းဆီးရမိမှုမှ အစပြု၍ သတင်းကွင်းဆင်းများ စုံစမ်းရယူဖော်ထုတ်ခဲ့ရာမှ ၃ပတ်အတွင်း သစ် တန်ချိန် ၁၂,၀၀ကျော်ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၈ ရက်အထိ ၁၆ ရက် အတွင်း ကျွန်းတန် ၆၀ ကျော်၊ ပိတောက် ၉၅၄ တန်ကျော်၊ တမလန်း ၂၅ တန်( စိစစ်ဆဲ)နှင့် ကုက္ကို ၅ တန်ကျော် စုစုပေါင်း တရားမဝင်သစ်ခွဲသား တန် ၁၀၀၀ ကျော်၊ ဆက်စပ် ပစ္စည်းများအနေဖြင့် ကွန်တိန်နာ အခွံရှစ်လုံးအပါအဝင် စုစုပေါင်း ၃၇ လုံး၊ ကွန်တိန်နာတင် ၁၀ ဘီးယာဉ်အလွတ် ခြောက်စီး၊ ကာလတန်ဖိုးငွေကျပ်ကျပ် သိန်းပေါင်း ၃၀၀၀၀ ကျော် ခန့်ကို သစ်တောဦးစီးဌာနက ဖမ်းဆီးရမိထားကြောင်း သိရသည်။

ပြည်ပသို့ အဆိုပါ တရားမဝင်သစ်များ တင်ပို့သူများကို မြို့နယ်တရားရုံးတွင် သစ်တောဥပဒေပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.