Connect with us

Social

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလေးငယ်များအား အာဟာရ ကျွေးမွေး

တောင်ကြီး ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကြီးမြို့ရှိ ပရဟိတ ဂေဟာများမှ ကလေးငယ်များအား အာဟာရ ကျွေးမွေးခြင်းများအား ယနေ့ဖေဖော်ဝါရီ ၁၃ ရက်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အတွက် ကျွေးမွေးခြင်း ဖြစ်သကဲ့သို့မြန်မာနိုင်ငံ ကလေးများနေ့ဖြစ်သည့် အတွက် ကျွေးမွေးခြင်းလည်း ဖြစ်ကြောင်း ၊ ကလေးများ အားလုံး ကျန်းမာချမ်းသာ အသက်ရှည်၍ နိုင်ငံ အကျိုးပြုနိုင်ကြစေရန် ဆုတောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်ကြီးမြို့ရှိ ပရဟိတ ဂေဟာများမှ ကလေးငယ်များအား အာဟာရ ကျွေးမွေးနေစဉ်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကလေးငယ်များအား ထောက်ပံ့လှုဒါန်းမှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်ကြီးမြို့ရှိ ပရဟိတ ဂေဟာများမှ ကလေးငယ်များအား အာဟာရ ကျွေးမွေးနေစဉ်(ဆင်ဟွာ)

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အာဟာရ ကျွေးမွေးခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အာဟာရ ကျွေးမွေးခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တောင်ကြီးမြို့၊ ပရဟိတဂေဟာ ၁၁ ခုမှ ကလေးငယ် စုစုပေါင်း ၂၆၈ ဦး အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဟာရ ကျွေးမွေးခြင်း ၊ ဒို့ဗိုလ်ချုပ်အောင်ဆန်းသည် စာအုပ်ပုံပြင် ၊ ကဗျာကာတွန်း စာအုပ်များ ပေးအပ်ခြင်း ၊ ငွေသား ထောက်ပံ့ခြင်းများအား ပြုလုပ်ခဲ့သည်။

ထို့အတူ ပရဟိတဂေဟာများမှ ကလေးငယ်များအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆန် ၊ ဆီ ၊ ဆား စားနပ်ရိက္ခာ နှင့် ကစားစရာ ပစ္စည်းများအား လည်းကောင်း ၊ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ စာရေးကိရိယာများအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.