Connect with us

Asia

၁၀ နှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းက အလုပ်အကိုင် ၁၂၆ သန်းနီးပါး ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်း

ဖိလစ်ပိုင်နိုင်ငံ ပါစီမြို့၌ ကမ္ဘာ့ခရီးသွားနှင့် ခရီးသွားလုပ်ငန်းကောင်စီ (WTTC) ကမ္ဘာလုံးဆိုင်ရာထိပ်သီးအစည်းအဝေး၌ WTTC ဥက္ကဋ္ဌနှင့် စီအီးအို Julia Simpson စကားပြောကြားနေသည်ကို ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းသည် ၁၀ နှစ်အတွင်း ကမ္ဘာတစ်ဝန်း အလုပ်အကိုင်ပေါင်း ၁၂၆ သန်းနီးပါး ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ ခရီးသွားနှင့် ခရီးသွားလုပ်ငန်းကောင်စီ (WTTC) က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် ဧပြီ ၂၁ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာ၍ ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ပါစီမြို့၌ ကမ္ဘာ့ခရီးသွားနှင့် ခရီးသွားလုပ်ငန်းကောင်စီ (WTTC) ကမ္ဘာလုံးဆိုင်ရာထိပ်သီးအစည်းအဝေး၌ WTTC သဘာပတိ Arnold Donald အမှာစကားပြောကြားနေသည်ကို ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ဖိလစ်ပိုင်နိုင်ငံ ပါစီမြို့၌ ကမ္ဘာ့ခရီးသွားနှင့် ခရီးသွားလုပ်ငန်းကောင်စီ (WTTC) ကမ္ဘာလုံးဆိုင်ရာထိပ်သီးအစည်းအဝေး၌ ဖိလစ်ပိုင် ခရီးသွားလုပ်ငန်းဝန်ကြီး Bernadette Romulo-Puyat အား ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ ပါစီမြို့၌ ကမ္ဘာ့ခရီးသွားနှင့် ခရီးသွားလုပ်ငန်းကောင်စီ (WTTC) ကမ္ဘာလုံးဆိုင်ရာထိပ်သီးအစည်းအဝေး၌ အကအဖွဲ့များ တင်ဆက်ဖျော်ဖြေနေသည်ကို ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခရီးသွားနှင့် ခရီးသွားလုပ်ငန်းကဏ္ဍသည် အချိန် နှစ်နှစ်ကြာ ကပ်ရောဂါအခြေအနေမှ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာခြင်း၏ အဓိကမောင်းနှင်အားဖြစ်မည်ဟု WTTC ၏ နောက်ဆုံးထုတ်ပြန်ထားသော စီးပွားရေးသက်ရောက်မှု အစီရင်ခံစာ (EIR) က ပြောခဲ့သည်။

ခရီးသွားနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) သည် ၂၀၂၂ ခုနှစ်မှ ၂၀၃၂ ခုနှစ်ကြား နှစ်စဉ် ပျမ်းမျှ ၅.၈ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ တိုးတက်မှုနှုန်းကို ကျော်လွန်သွားမည်ဖြစ်ကာ အမေရိကန်ဒေါ်လာ ၁၄.၆ ထရီလီယံအထိ ရောက်ရှိ၍ စုစုပေါင်း ကမ္ဘာ့စီးပွားရေး၏ ၁၁.၃ ရာခိုင်နှုန်းနှင့် ညီမျှမည်ဖြစ်ကြောင်း အစီရင်ခံစာက ခန့်မှန်းထားသည်။

“အလုပ်အကိုင်အသစ် သုံးခုဖြစ်ပေါ်လာတိုင်းမှာ တစ်ခုကတော့ ဒီကဏ္ဍနဲ့ ဆက်စပ်နေပါလိမ့်မယ်” ဟု WTTC ဥက္ကဋ္ဌနှင့် စီအီးအို Julia Simpson က မနီလာမြို့တွင် ပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။
အာရှနှင့် ပစိဖိတ်ဒေသတစ်ခွင်ရှိ ခရီးသွားနှင့် ခရီးသွားလုပ်ငန်းကဏ္ဍသည် လာမည့်ဆယ်စုနှစ်အတွင်း သိသိသာသာ ပြန်လည်အားကောင်းလာမည်ဖြစ်သလို အလုပ်အကိုင်အသစ် ၇၇ သန်းနီးပါး ဖန်တီးပေးနိုင်မည်ဟု အစီရင်ခံစာက ခန့်မှန်းထားသည်။

တစ်ချိန်တည်းမှာပင် ယင်းကဏ္ဍ၏ ပံ့ပိုးမှုဖြင့် ဒေသတွင်း ဂျီဒီပီသည် ၂၀၂၂ ခုနှစ်နှင့် ၂၀၃၂ ခုနှစ်ကြား ပျမ်းမျှနှစ်စဉ် ၈.၅ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်သလို ဒေသတွင်း၏ အလုံးစုံစီးပွားရေးတိုးတက်မှုထက် ပို၍မြန်ဆန်မည်ဟုလည်း ခန့်မှန်းထားသည်။

ထို့ပြင် အစီရင်ခံစာ၌ ကမ္ဘာ့ ခရီးသွားနှင့် ခရီးသွားလုပ်ငန်း ဂျီဒီပီသည် ၂၀၂၃ ခုနှစ်မတိုင်မီ ကပ်ရောဂါအကြိုကာလအဆင့်များအထိ ရောက်ရှိနိုင်ကြောင်းနှင့် ၂၀၁၉ ခုနှစ်အချိန်ကထက် ၀.၁ ရာခိုင်နှုန်းအောက်သာရှိနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းကဏ္ဍသည် ယမန်နှစ်ကထက် အမေရိကန်ဒေါ်လာ ၅.၈ ထရီလီယံကျော် ရောက်ရှိပြီး ၂၁.၇ ရာခိုင်နှုန်းဖြင့် ဂျီဒီပီမြင့်တက်စေရန် အထောက်အကူပြုခဲ့ချိန် ၂၀၂၁ ခုနှစ်တွင် စတင်နာလန်ထူခဲ့ခြင်းဖြစ်ကြောင်း WTTC အရ သိရသည်။ (Xinhua)
………………………………………………
(English Version)
Global tourism industry to create nearly 126 mln jobs in 10 years: report
Source: XinhuaEditor: huaxia2022-04-21 17:28:45
MANILA, April 21 (Xinhua) — The global tourism industry is expected to create almost 126 million jobs worldwide within 10 years, the World Travel and Tourism Council (WTTC) said in a report released on Thursday in the Philippine capital.

The WTTC’s latest Economic Impact Report (EIR) says the travel and tourism sector will be a driving force of the global economic recovery from the two-year pandemic.

The report forecasts that the travel and tourism sector’s GDP will grow at an average rate of 5.8 percent annually between 2022 and 2032, outstripping the growth rate for the global economy, to reach 14.6 trillion U.S. dollars, equivalent to 11.3 percent of the total global economy.

WTTC president and CEO Julia Simpson said at the Global Tourism Summit in Manila that “one in three of every new job created will be related to the sector.”

The report predicts that the travel and tourism sector across Asia and the Pacific region will rebound significantly and is estimated to create almost 77 million new jobs over the next decade.

At the same time, the sector’s contribution to regional gross domestic product (GDP) is forecast to grow at an average annual rate of 8.5 percent between 2022 and 2032, faster than the region’s overall economic growth.

The report also shows that global travel and tourism GDP could reach pre-pandemic levels by 2023, just 0.1 percent below 2019.

According to the WTTC, the global tourism sector started recovering in 2021 when its contribution to GDP climbed by 21.7 percent year on year to reach more than 5.8 trillion U.S. dollars. ■
Photo 1 : World Travel & Tourism Council (WTTC) president and CEO Julia Simpson speaks onstage during the WTTC Global Summit in Pasay City, the Philippines on April 21, 2022. The global tourism industry is expected to create almost 126 million jobs worldwide within 10 years, the WTTC said in a report released on Thursday in the Philippine capital. (Xinhua/Rouelle Umali)
Photo 2 : The chairman of World Travel & Tourism Council (WTTC) Arnold Donald speaks onstage during the WTTC Global Summit in Pasay City, the Philippines on April 21, 2022. The global tourism industry is expected to create almost 126 million jobs worldwide within 10 years, the WTTC said in a report released on Thursday in the Philippine capital. (Xinhua/Rouelle Umali)
Photo 3 : Philippine Tourism Secretary Bernadette Romulo-Puyat speaks onstage during the World Travel & Tourism Council (WTTC) Global Summit in Pasay City, the Philippines on April 21, 2022. The global tourism industry is expected to create almost 126 million jobs worldwide within 10 years, the WTTC said in a report released on Thursday in the Philippine capital. (Xinhua/Rouelle Umali)
Photo 4 : Dancers perform during the World Travel & Tourism Council (WTTC) Global Summit in Pasay City, the Philippines on April 21, 2022. The global tourism industry is expected to create almost 126 million jobs worldwide within 10 years, the WTTC said in a report released on Thursday in the Philippine capital. (Xinhua/Rouelle Umali)