Connect with us

Europe

ဒိုင်ယာနာ ဖက်ရှင်ပုံပြင် ပြပွဲကို လန်ဒန်မြို့၌ ကျင်းပ


လန်ဒန် ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ကွယ်လွန်သူ ဝေလမင်းသမီး ဒိုင်ယာနာ၏ အဝတ်အစားများကို ခင်းကျင်းပြသည့် “ Diana:Her Fashion Story” ပြပွဲကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ Kensington နန်းတော်၌ ဖေဖော်ဝါရီလ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

၎င်းပြပွဲတွင် မင်းသမီးဒိုင်ယာနာ၏ ဗီဒိုတစ်ခုစာအပြည့်ရှိသော အဝတ်အထည်များ နှင့် သီးသန့်အသုံးအဆောင် ပစ္စည်းများကို ခင်းကျင်းပြသထားပြီး ဖေဖော်ဝါရီလ ၂၄ ရက်မှ စတင်ကာ အများပြည်သူများဝင်ရောက်ကြည့်ရှုခွင့်ရရန် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ Diana : Her Fashion Story ” အမည်ပေးထားသည့် ဒိုင်ယာနာအမှတ်တရ ဖက်ရှင်ပြပွဲတွင် ခင်းကျင်းပြသထားသော ကွယ်လွန်သူ ဝေလမင်းသမီးဒိုင်ယာနာ၏ ဖက်ရှင်အဝတ်အစားများကို တွေ့ရစဉ်(ဆင်ဟွာ)

ယခုပြပွဲသည် ၁၉၉၇ ခုနှစ် မတ်လ ၃၁ ရက်က ပြင်သစ်နိုင်ငံ၌ ကွယ်လွန်ခဲ့သည့် မင်းသမီး ဒိုင်ယာနာ၏ ကွယ်လွန်ခြင်း အနှစ် ၂ဝ ပြည့် အောင့်မေ့ဖွယ် အခမ်းအနားတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.