Connect with us

Europe

ရုရှား နိုင်ငံ စစ်တပ် က ယခု နှစ်တွင် လေယာဉ် နှင့် ရဟတ်ယာဉ် စုစုပေါင်း အစင်း ၁၆၀ ကို တိုးချဲ့တာဝန် ထမ်းဆောင်စေမည်

ရုရှား နိုင်ငံ လေတပ် မှ လေယာဉ် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ လေတပ် ဦးစီးချုပ် Bondarev က ရုရှား နိုင်ငံ လေတပ် နှင့် ရေတပ် သည် ယခုနှစ်တွင် လေယာဉ် နှင့် ရဟတ်ယာဉ် စုစုပေါင်း အစင်း ၁၆၀ ကို တိုးချဲ့တာဝန် ထမ်းဆောင် သွားစေမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ယခု နှစ်တွင် ရုရှား နိုင်ငံ လေတပ် မှ လေယာဉ် နှင့် ရဟတ်ယာဉ် အသစ် စုစုပေါင်း ၁၆၀ စင်း ကို တာဝန်ထမ်းဆောင်စေခြင်းဖြင့် ရုရှား နိုင်ငံ လေတပ် တပ်ဖွဲ့၏ ပစ္စည်း ကိရိယာ ပြည်စုံမှု ရာခိုင်နှုန်းသည် ၁၀၀ ရာခိုင်နှုန်းသို့ရောက်ရှိစေခဲ့ပြီး ၎င်းတို့အနက် ၅၅ ရာခိုင်နှုန်းသော ပစ္စည်း ကိရိယာ များသည် နည်းပညာသစ် ပစ္စည်းများ ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

Bondarev က ရုရှား နိုင်ငံ စစ်တပ် အနေဖြင့် စက်ယန္တရား သစ်များကို ဆက်လက်၍ ဝယ်ယူ သွားမည် ဖြစ်ပြီး လက်ရှိချိန်တွင် စက်ရုံများမှ စီမံထားသည့် အစီအစဉ် အလိုက် ထုပ်လုပ်မှုများကိုလည်း ဆောင်ရွက်နေသောကြောင့် ပစ္စည်း ကိရိယာ မပြည့်စုံခြင်း ပြဿနာ ဖြစ်ပွားမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ စစ်ဘက် ဆိုင်ရာ ၏ အစီအစဉ် အရ ၂၀၂၀ ခုနှစ် တွင် ရုရှား နိုင်ငံ လေတပ် သည် လေယာဉ် နှင့် ရဟတ်ယာဉ် အသစ် အစင်း ၉၀၀ ကျော် ကို လက်ခံ တာဝန်ထမ်းဆောင်စေမည် ဖြစ်ပြီး ထို လေယာဉ် အစင်း ၉၀၀ ၏ ပြုပြင်မွမ်းမံရေး လုပ်ငန်း များကိုလည်း တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.