Social
ပထမအကြိမ်မြောက် ကျပ်၅၀၀ တန် အောင်ဘာလေ ထီဖွင့်ပွဲ ထီလက်မှတ်များအားမတ်လ ၁ရက်နေ့စတင်ရောင်းချမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ပထမအကြိမ်မြောက် ကျပ်၅၀၀ တန် အောင်ဘာလေ ထီဖွင့်ပွဲ ထီလက်မှတ်များ ကို ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ သတင်းကြေညာချက်ထုတ်ပြန်သည်။
ပထမအကြိမ်မြောက် ကျပ် ၅၀၀ တန် ထီဖွင့်ပွဲထီလက်မှတ်များကို က အက္ခရာ မှ သ အက္ခရာ အထိ အက္ခရာ ၃၀ လုံး၊ အရန်ထီအဖြစ် ဟ အက္ခရာ နှင့် ဠ အက္ခရာ တို့ဖြစ်ပြီး အ အက္ခရာ မပါဝင်ကြောင်း၊ အက္ခရာ ၂ လုံးအပါအဝင် အရန်ထီ ကက အက္ခရာမှစ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၊ ရောင်းချပေးသွား မည်ဖြစ်ကြောင်း၊ ရောင်းချရသည့် အက္ခရာများအား ထီဖွင့်ပွဲမတိုင်မီ ထပ်မံကြေညာ ပေးသွားမည်ဖြစ်ကြောင်း သတင်းကြေညာချက်ထဲတွင် ပါရှိသည်။
အက္ခရာလုံးရေ ၃၀ ကို ပထမအကြိမ်အဖြစ်လည်းကောင်း၊ အရန်ထီများကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးသို့ ခွဲဝေပေးပို့ပြီးနောက် ထပ်မံဝယ်ယူလိုသူများရှိပါက ကျပ်၅၀၀တန် အရန်ထီလက်မှတ်စာအုပ်များကို အနည်းဆုံးအုပ်ရေ ၁၀၀ နှင့် အထက် ဝယ်ယူလိုသူများအား ဘဏ်ငွေသွင်း ချလန် (TF-1) ဖြင့် အောင်ဘာလေသိန်းဆုဌာနခွဲတည်ရှိရာ အမှတ် ၃၈၄၊ မဟာဗန္ဓုလလမ်း နှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်တွင် မတ်လ ၃ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျပ် ၅၀၀ တန် ထီအတွက် ဆုမဲများမှာ အမြင့်ဆုံးဆု ကျပ်သိန်း (၁၀,၀၀၀)၊ ကျပ်သိန်း (၅၀၀၀)၊ နှင့် ကျပ်သိန်း (၁၀၀၀) ဆုများအပါအဝင်ဖြစ်ပြီး အနိမ့်ဆုံးဆုမဲမှာ ကျပ်၅၀,၀၀၀ ဖြစ်သည်။
၃၃၉ ကြိမ်မြောက် ကျပ်၂၀၀ တန် ထီလက်မှတ်များကို အက္ခရာ ၃ လုံး က အက္ခရာ မှ ဂ အက္ခရာအထိ ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း၊ ကျပ်၂၀၀ တန် ထီအတွက် ဆုမဲများမှာ အမြင့်ဆုံး ကျပ်သိန်း ၁၅၀၀ နှင့် ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀ ဆုများ အပါအဝင်ဖြစ်ပြီး အနိမ့်ဆုံး ဆုမဲမှာ ကျပ်၁၀၀, ၀၀၀ ဖြစ်သည်။ (Xinhua)