Connect with us

Social

လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရေး မူဝါဒ နှင့် လုပ်ငန်းစဉ်များ အခိုင်အမာ ရေးဆွဲချမှတ်၍ တောင်သူ လယ်သမားများ လူမှုစီးပွားဘဝ တိုးတက်လာရန် ဆောင်ရွက်ရမည်

နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် မူဝါဒများ နှင့် လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာ ရေးဆွဲချမှတ် အကောင်အထည်ဖော်ပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်လာရန် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့မတ် ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရာသီဥတုပြောင်းလဲမှု ၊ သဘာဝဘေးနှင့် အခြားသော ဘေးအန္တရာယ် ကျရောက်မှုများ ၊ သစ်တော ပြုန်းတီးခြင်း နှင့် မြေဆီလွှာ ထိန်းသိမ်းမှု လုပ်ငန်းများ အားနည်းခြင်းတို့၏ အကျိုးဆက်အနေဖြင့် တောင်သူ လယ်သမား အများစုသည် ဝင်ငွေနိမ့်ကျပြီး လူမှုစီးပွားဘဝ အခြေအနေများ ထိခိုက်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး အဓိက စီးပွားရေး လုပ်ငန်းသည် လယ်ယာ လုပ်ငန်း ဖြစ်ပြီး တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဘိုး(GDP)၏ ၃၀ ရာခိုင်နှုန်းခန့်ကို လယ်ယာကဏ္ဍမှ ရရှိသော်လည်း တောင်သူ လယ်သမား အများစုသည် အကျိုးခံစားခွင့် အလွန် နည်းပါးပြီး လူမှုစီးပွားဘဝ နိမ့်ကျလျက်ရှိကြောင်း ထည့်သွင်း ဖော်ပြထားသည်။

အစိုးရသစ်၏ ၁၁ လတာ အတွင်း ရေရှည်တည်တံ့သည့် လယ်ယာ ထုတ်ကုန် စနစ် ထွန်းကားစေရန် ၊ နိုင်ငံတကာ နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များ တိုးတက် ထုတ်လုပ် နိုင်ရန် ရည်မှန်းချက် ပန်းတိုင်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် စားနပ်ရိက္ခာဖူလုံရန် ၊ အာဟာရ ပြည့်ဝရေး နှင့် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းမှု တိုးတက် လာစေရန် ၊ တောင်သူ လယ်သမားများ၏ အခွင့်အရေး ပြည့်ဝစွာ ရရှိ ခံစား နိုင်စေရန် ၊ လယ်ယာကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုများ တိုးတက်လာစေရန် စသဖြင့် ရည်မှန်းချက် ၁၁ ချက် ချမှတ်ထားပြီး ထိုရည်မှန်းချက်များ အကောင်အထည် ဖော်ရာတွင် စိုက်ပျိုး မွေးမြူရေး ကဏ္ဍ ထုတ်လုပ်မှု စွမ်းအား မြင့်မားလာရန်နှင့် အတူ လုပ်ကွက်ငယ် တောင်သူလယ်သမားများ၏ ဝင်ငွေပါ တိုးတက် လာစေရန် ၊ ကျေးလက်ဒေသ လူမှု စီးပွားဘဝ တိုးတက်လာရန် ၊ ဖွံ့ဖြိုးတိုးတက်မှု ရေရှည် တည်တံ့ရန် စသည့် မူဝါဒများ ချမှတ်ပြီး ကြိုးပမ်းလျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် လာမယ့်နှစ်များအတွင်း တိုးပွားလာနိုင်မည့် လူဦးရေ ပမာဏ အတွက် မျှော်မှန်းပြီး နိုင်ငံ၏ စားနပ်ရိက္ခာ လုံခြုံစိတ်ချမှု ရှိရုံ သာမက နိုင်ငံတကာဈေးကွက်ကို ပိုမိုတိုးတက် တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်နှင့် စိုက်ပျိုး မွေးမြူ ထုတ်လုပ်မှုများကို ဘက်ပေါင်းစုံက အရှိန်အဟုန် မြှင့်တင်အားပေး ဆောင်ရွက်လျက် ရှိကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ထို့ပြင် လယ်ယာကဏ္ဍ အပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် မြှင့်တင်ပြီး ကြိုးပမ်း ဆောင်ရွက်ကြရမည့် အချိန်အခါကောင်း ဖြစ်သည် နှင့် အညီ တောင်သူ လယ်သမားများ၏ လူမှု စီးပွားဘဝ မြှင့်တင်ရန် အခါအခွင့် သင့်သော အခြေအနေလည်း ဖြစ်ကြောင်း တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.