Videos
ပေကျင်းမြို့တွင် မောင်းသူမဲ့ အငှားယာဉ်များကို စီးပွားဖြစ် စတင်ပြေးဆွဲ
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ လမ်းမများပေါ်တွင် မောင်းသူမဲ့ အငှားယာဉ်များကို စီးပွားဖြစ်စတင်ပြေးဆွဲခဲ့သည်။တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် Baidu လုပ်ငန်းနှင့် မောင်းသူမဲ့ကနဦးလုပ်ငန်းတည်ထောင်သည့် Pony.ai တို့ ပူးပေါင်း ထုတ်လုပ်ထားသည့် မောင်းသူမဲ့ ယာဉ်ပေါင်း အစင်း ၃၀ ကို ပေကျင်းမြို့ အရှေ့တောင်ပိုင်း စတုရန်းကီလိုမီတာ ၆၀ ဧရိယာတွင် ဘေးကင်းလုံခြုံရေး ဆိုင်ရာ ယာဉ်မောင်းအကူများ လိုက်ပါခြင်းမရှိဘဲ ပြေးဆွဲမောင်းနှင်ခဲ့သည်။ဒေသခံများသည် မော်တော်ယာဉ် ငှားရမ်းအသုံးပြုသည့် အက်ပလီကေးရှင်းများ ဖြင့် မောင်းသူမဲ့ ယာဉ်များကို ငှားရမ်းစီးနင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)
#Self_driving #Taxis #Beijing #Commercial #Operations #Baidu #Pony.ai #Drivers #Xinhua #Xinhuamyanmar #မောင်းသူမဲ့ယာဉ် #တက်စီများ #ပေကျင်း #စီးပွားဖြစ် #ယာဉ်မောင်းများ #ဆင်ဟွာ