ဟနွိုင်း ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith တို့က မတ်လ ၃၁ ရက် တွင် ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့ကြသည်။

ဟနွိုင်း ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မတ်လ ၃၁ ရက်နေ့၌ ဗီယက်နမ် နိုင်ငံ မြို့တော် ဟနွိုင်း တွင် ကျင်းပ ပြုလုပ် ခဲ့သည့် ဆဋ္ဌမ အကြိမ်မြောက် မဟာ မဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (GMS) ထိပ်သီး အစည်းအဝေး တွင် " ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာ သစ်ကို အတူတကွ ရေးဆွဲသွားကြမည်" ဟူသည့် ခေါင်းစဉ် ဖြင့် မိန့်ခွန်းပြောကြား ခဲ့သည်။

ရှန်ဟိုင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် မောင်းသူမဲ ရထားလိုင်းသစ် တစ်လိုင်းအား ယနေ့ (မတ်လ ၃၁ ရက်) စမ်းသပ်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ်သည် ရုရှားနိုင်ငံသို့ သတ္တမအကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ မော်စကို ညီလာခံ တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ဧပြီလ ၁ ရက်မှ ၈ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် ယန်ကျဲ့ချီသည် မတ်လ ၂၉ ရက်မှ ၃၀ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကူးအပြောင်းမှ တစ်ခုဖြစ်သော အမျိုးသားကျန်းမာရေး ကော်မရှင်အား မတ်လ ၂၇ ရက်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဧပြီလ ၂ ရက်မှ ၆ ရက်အထိ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန လုခန်းက မတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။ (Xinhua)

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံတောင်ပိုင်း Kemerovo မြို့တွင် အနည်းဆုံး လူ ၅၆ ဦး သေဆုံးခဲ့သည့် မတ်လ ၁၅ ရက်က ဈေးဝယ်စင်တာ မီးလောင်ကျွမ်းမှုအတွက် ဝမ်းနည်းရပါကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ထံသို့ မတ်လ ၂၆ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၎င်း၏ စစ်တပ်ခေတ်မီတိုးတက်ရေးကို မြှင့်တင်ရန် အတွက် ဝက်ဘ်ဆိုက်သစ်တစ်ခု ကို မတ် ၂၆ ရက် က လွှင့်တင်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် ဖြစ်သော နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဝန်ကြီး ဝမ်ရိ သည် ရုရှားနိုင်ငံသို့ မတ်လ ၂၇ ရက် နှင့် ၂၈ရက်တွင် အလုပ်သဘော အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က မတ်၂၆ရက်တွင်ပြောကြားခဲ့သည်။ (Xinhua)