Connect with us

Media

အာဖရိကတိုက်တွင် ကိုဗစ်ကူးစက်မှုနှုန်း ၁၀ သန်းကျော်မြင့်တက်

အက်ဒစ်စ်အဘာဘာ ၊ ဇန်နဝါရီ ၁ဝ ရက် (ဆင်ဟွာ)

အာဖရိကတိုက်တွင် ကိုဗစ်အတည်ပြုလူနာဦးရေသည် စနေနေ့တွင် ၁၀ သန်း ကျော်အထိရှိလာပြီဖြစ်သည်။ လတ်တလော ရက်သတ္တပတ်များအတွက် အိုမီခရွန် ဗီဇပြောင်း ကိုဗစ်ကူးစက်ပျံ့နှံ့လာခြင်းကြောင့် ကူးစက်မှု သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်။
ယခုအချိန်ထိ အာဖရိကနိုင်ငံ ၃၃ နိုင်ငံက အိုမီခရွန်ဗီဇပြောင်းကိုဗစ် ပျံ့နှံ့နေပြီဟု သတင်းထုတ်ပြန်ထားပြီး ၎င်းနိုင်ငံများအနက် ၉ နိုင်ငံက ပြီးခဲ့တဲ့အပတ်တွင် အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်လူနာ စတင်တွေ့ရှိပြီဟု ထုတ်ပြန် ထားသည်။
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊ အီဂျစ် နှင့် အီသီယိုပီးယားနိုင်ငံများသည် အာဖရိကတိုက်တွင် ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားသည့် နိုင်ငံ ၅ နိုင်ငံဖြစ်သည်။
အာဖရိက CDC ၏အချက်အလက်များအရ အာဖရိကတိုက်တွင် ကိုဗစ်ကပ်ရောဂါ စတင်ကူးစက်ပျံ့နှံ့သည့် လွန်ခဲ့သည့် ၂ နှစ်ခန့် မှစ၍ ယခုအချိန်အထိ လူ ၂၃၀,၀၀၀ ကျော်သေဆုံးခဲ့သည်။
အာဖရိကသမဂ္ဂကျန်းမာရေးအထူးစောင့်ရှောက်မှုအေဂျင်စီ၏ထုတ်ပြန်ချက်အရ အာဖရိက ၄၂ နိုင်ငံ ခန့်တွင် ကိုဗစ်ကူးစက်မှု စတုတ္ထလှိုင်းဒဏ်ကြုံတွေ့နေရပြီဟု သိရသည်။
တစ်ချိန်တည်းမှာပင် အာဖရိကန်နိုင်ငံ ၂၄ နိုင်ငံတွင် ကိုဗစ်စတုတ္ထလှိုင်းဒဏ်ကို ပိုမိုပြင်းထန်စွာ တွေ့ကြုံခံစား နေရသည်ဟု အာဖရိက CDC ကပြောသည်။
သို့ပေမဲ့လည်း လူဦးရေ ၁.၃ ဘီလီယံရှိသည့် အာဖရိကတိုက်တွင် ကာကွယ်ဆေးထိုးရန်အတွက် တိုးတက်မှု အလွန်နှေးကွေးနေသည်ဟု သိရသည်။
အာဖရိက CDC ၏ထုတ်ပြန်ချက်အရ ယခုအချိန်အထိ အာဖရိကလူဦးရေ၏ ၉.၆ ရာခိုင်နှုန်းသာ အပြည့်အဝ ကာကွယ် ဆေးထိုးပြီးပြီဟုသိရသည်။
အာဖရိက ကာကွယ်ဆေးထိုးနှုန်းသည် ကမ္ဘာတစ်ဝန်းက ဝင်ငွေချမ်းသာသည့်နိုင်ငံများ နှင့်နှိုင်းယှဉ်လျှင် ၎င်းနိုင်ငံများ၏ ၆၀ ရာခိုင်နှုန်းကျော်သာရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၏ထုတ်ပြန်ချက်အရ ကမ္ဘာ့တစ်ဝန်းပေးခဲ့သည့် ကာကွယ်ဆေး ၈ ဘီလီယံ နီးပါးထဲက ၃ ရာခိုင်နှုန်းသာ အာဖရိကတိုက်က ရရှိခဲ့သည်။
ကိုဗစ်ကပ်ရောဂါ ကာလအတွင်း တရုတ်နိုင်ငံက အာဖရိကတိုက်ကိုကူညီထောက်ပံ့ခဲ့သည်။
တရုတ်နိုင်ငံက အာဖရိကတိုက်အတွက် ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့များပေးအပ်ခဲ့သည်။
အာဖရိက ကိုဗစ်တိုက်ဖျက်ရေးအတွက် အဓိကလိုအပ်သည့် အတွေ့အကြုံများကိုလည်း တရုတ်က မျှဝေခဲ့သည်။
တရုတ်နိုင်ငံက COVID- 19 အတွက် အထောက်အပံ့ပစ္စည်းများနှင့် လူပုဂ္ဂိုလ်သုံး ကာကွယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံက ဆေးပညာရှင်များကိုလည်း အာဖရိကနိုင်ငံအသီးသီးသို့စေလွှတ်ခဲ့သည်။
ကိုဗစ်စစ်ဆေးသည့် ကိရိယာများနှင့် ကာကွယ်ဆေးများကိုလည်း အာဖရိကနိုင်ငံများနှင့် အဖွဲ့အစည်းများကိုထောက်ပံ့ပေးအပ်ခဲ့သည်။
ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အာဖရိကတိုက်တခွင်က ဆေးပညာရှင်များကို Video link များမှတစ်ဆင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံများကိုမျှဝေခဲ့သည်။
တရုတ်နိုင်ငံက ထပ်မံပေးအပ်မည့်ကာကွယ်ဆေးများသည် ယခုနှစ် အာဖရိကတိုက်၏လူဦးရေ ၆၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးရန်ရည်ရွယ်ထားသည့် အာဖရိကကို ကူညီရန်ဖြစ်သည်။
၎င်းအပြင် တရုတ်နိုင်ငံက အာဖရိကနိုင်ငံများအတွက် ဆေးဝါးနှင့်ကျန်းမာရေးပရောဂျက် ၁၀ ခုကိုအကောင်အထည်ဖော်ရန် ကတိပြုခဲ့သည်။
တရုတ်နိုင်ငံက အာဖရိကတိုက်သို့ ဆေးဝန်ထမ်း ၁,၅၀၀ နှင့် ဆေးဝါးကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်။ (Xinhua)

—————————–
(English Version)
GLOBALink | COVID-19 caseload tops 10 mln in Africa
The number of confirmed COVID-19 cases in Africa has exceeded 10 million. But the continent remains the least vaccinated region around the world. #GLOBALink

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.