Connect with us

Media

တရုတ်နိုင်ငံက အာကာသတွင်း စပါးစမ်းသပ်စိုက်ပျိုးခဲ့ရာအောင်မြင်မှုရှိ

ပေကျင်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ  က ချန်အဲ  5 လဆင်းယာဉ်ဖြင့် စပါးစေ့ အလေးချိန် ၄၀ ဂရမ်ခန့် ကို ပြီးခဲ့သည့်နိုဝင်ဘာလတွင် လကမ္ဘာဆီသို့ ပို့ဆောင်ခဲ့သည်။အာကာသထဲတွင် ရက်ပေါင်း ၂၃ ရက်ကြာစိုက်ပျိုးပြီးနောက် အဆိုပါ စပါးစေ့များအား ကမ္ဘာမြေသို့ပြန်လည်သယ်ဆောင်လာခဲ့သည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင် အဆိုပါ စပါးစေ့များကို ကမ္ဘာပေါ်၌ ပျိုးကြဲခြင်းပြီးမြောက်ခဲ့သည်။မတ် ၂၉ ရက်တွင် သုတေသီများက စမ်းသပ်စိုက်ခင်းထဲသို့စပါးပင်များအားရွှေ့ပြောင်းစိုက်ပျိုးခဲ့သည်။

ဇွန်တွင် စပါးများမှာ ရိတ်သိမ်းနိုင်သည်အထိကြီးထွားရှင်သန်ခဲ့သည်။ဇွန် ၉ရက်တွင်  ပထမဆုံး အာကာသ၌ စိုက်ပျိုးခဲ့သောစပါးများအားရိတ်သိမ်းနိုင်ခဲ့သည်။

အာကာသ အတွင်းမှ စပါးစေ့များပြန်လည်သယ်ယူစိုက်ပျိုးခြင်းသည် ကြီးမားသော သိပ္ပံနည်းကျ သုတေသနလုပ်ဆောင်မှုဖြစ်ပြီး စပါးစိုက်ပျိုးရာတွင် စပါးမျိုးစိတ်အသစ်များထပ်မံ‌ရွေးချယ်စိုက်ပျိုးရန်အထောက်အကူဖြစ်သည်။ ၁၉၈၇ ခုနှစ်ကတည်းက တရုတ်နိုင်ငံသည် အာကာသအတွင်းသို့ ကောက်ပဲသီးနှံမျိုးစိတ် အမျိုးမျိုး ပို့‌ဆောင်ခဲ့သည်။

အာကာသအတွင်းစမ်းသပ်ခဲ့သော ကောက်ပဲသီးနှံများစွာမှာ ယခုအခါ တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်သည်။ (Xinhua)

………………………………………………

China grows “space rice!”

A great trip! 40 grams of rice seeds have got their hard-won harvest this summer, after a 23-day round trip to the moon onboard the Chang’e-5 lunar probe.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.