Connect with us

Media

ပေကျင်းမြို့အနောက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေလွှမ်းမိုးမှုဖြစ်ပွား

ပေကျင်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ပြီးခဲ့သည့်သောကြာနေ့ မွန်းလွဲ ၁ နာရီမှ စနေနေ့ ညနေ ၄ နာရီအထိ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မိုးရေချိန် ၆၁.၃ မီလီမီတာ အထိရှိခဲ့ကြောင်း မြူနီစပယ်မိုးလေဝသဌာနမှ တနင်္ဂနွေနေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။

မြူနီစပယ်ရေကြောင်း ဆိုင်ရာ ဗြူရိုမှ ‌ရေကြီးနိုင်ခြေ  အဆင့် ၄ အရေးပေါ်အခြေအနေအဖြစ်ထုတ်ပြန်ခဲ့သည်။သတိပေးချက်ကြောင့် လူပေါင်း ၈,၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး  အရေးပေါ်စောင့်ကြည့်လေ့လာသတင်းပို့ရေးအဖွဲ့ ၃ ဖွဲ့အားဖွဲ့စည်းကာ ရေလွှမ်းမိုးမှုထိန်းချုပ်ရေးအတွက် ပြင်ဆင်မှုများကိုလုပ်ဆောင်ရန်ဆောင်ရွက်ထားရှိသည်။

ပေကျင်းမြို့၏ ရေဆိုးစွန့်ပစ်ရေးစနစ်တာဝန်ခံကုမ္ပဏီ Beijing Drainage Group Co., Ltd က ‌ရေလွှမ်းမိုးမှုထိန်းချုပ်လုပ်ဆောင်ရေးကို ကြိုးပမ်းအားထုတ်ခဲ့ပြီး ရေလွှမ်းမိုးမှုထိန်းချုပ်ရေးဝန်ထမ်းထောင်ပေါင်းများစွာအား အသင့်အနေအထားဖြင့် တာဝန်ချထားကြောင်းသိရသည်။ (Xinhua)

…………………………………….

(English Version)

GLOBALink | Metro station flooded in western Beijing as rainstorms hit

Heavy rainstorms have lashed the Chinese capital Beijing.The city’s average precipitation reached 61.3 mm from 1 p.m. Friday to 4 p.m. Sunday, the municipal meteorological department said.

The municipal water affairs bureau activated a level IV emergency response for floods on Sunday morning, the lowest of the four-tier emergency response system. It has mobilized 8,000 people and three emergency monitoring and reporting teams to make preparations for flood control.

The Beijing Drainage Group Co., Ltd., the city’s drainage system operator, has also strengthened its flood control response, with thousands of flood control staff on stand-by.

 

Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.