Connect with us

Media

ဂါဇာနှင့် အစ္စရေးနယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွား၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်းအကူအညီများပံ့ပိုးရန် အရှိန်မြှင့်ကြိုးပမ်းလျက်ရှိ

ရာဖာ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ဂါဇာဒေသတွင် လွန်ခဲ့သောနှစ်ပေါင်း ၁,၆၀၀ အကြာကတည်ဆောက်ထားသောကမ္ဘာ့သက်တမ်းအရင့်ဆုံးဘုရားကျောင်းများအနက် တစ်ခုဖြစ်သည့် Saint Porphyrius Greek Orthodox ဘုရားကျောင်းရှိအဆောက်အအုံတစ်ခုအားအစ္စရေးကဗုံးကျဲခဲ့ကြောင်း၊ ထိုဘုရားကျောင်းတွင် ပါလက်စတိုင်း ၅၀၀ ကျော် ခိုလှုံလျက်ရှိသလိုအစ္စရေး၊ ဟားမက်စ်နှင့် ဟစ်ဇ်ဘိုလာတို့ကအပြန်အလှန်ပစ်ခတ်လျက်ရှိကြောင်းသိရသည်။

ဂါဇာဒေသရာဖာနယ်စပ်ဖြတ်ကျော်လမ်းတွင် ရောက်ရှိနေသောဆင်ဟွာသတင်းထောက် Ahmed Gomaa က “ကျွန်တော် အခုရာဖာနယ်စပ်ဖြတ်ကျော်လမ်းနေရာကနေ ၂၀ ကီလိုမီတာလောက်မှာရှိနေပါတယ်။ အီဂျစ် လခြမ်းနီအသင်းကအကူအညီပစ္စည်းတွေတင်ထားတဲ့ကားအစီး ၂၀ လောက် ဂါဇာကမ်းမြောင်ထဲပို့ဖို့စီစဉ်ထားတာပါ။ ဒီကားတွေကရာဖာနယ်စပ်ဖြတ်ကျော်လမ်းပေါ် ရွှေ့မှာပါ။ ကျွန်တော်တို့ အခုစစ်ဆေးရေးဂိတ်မှာရောက်နေပါတယ်။ အီဂျစ်စစ်တပ်ရဲ့ကြီးကြပ်မှုနဲ့ ထရပ်ကားတွေပေါ်တင်ဖို့ ပြင်ဆင်နေပါတယ်” ဟုပြောခဲ့သည်။ (Xinhua)

……………………………………
(English Version)
Palestinian-Israeli conflict: Fire exchange continues as int’l community steps up efforts in providing aid
Last night, Israel bombed a building that belongs to one of the oldest churches in the world which was built 1,600 years ago, Saint Porphyrius Greek Orthodox Church in Gaza, as over 500 Palestinians were seeking refuge in the church while fire and rocket exchange persists and intensifies between Israel, Hamas, and Hezbollah.

STANDUP 4 (English): AHMED GOMAA, Xinhua reporter
“I’m standing 20 km away from Rafah crossing.
The Egyptian Red Crescent has prepared 20 shipments to send to the Gaza Strip.
These trucks will move later on to Rafah crossing.
We are now at a check point that is supervised by the Egyptian army to prepare and fill in the trucks.”