Connect with us

Media

Beihetan ရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံ၏ ကာဘွန် ကင်းစင်ရေးရည်မှန်းချက်ပြည့်မီအောင် ထောက်ပံ့ပေးနိုင်မည်

ချိန်တူး၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံကြီးတည်ဆောက် လျက်ရှိရာ အဆိုပါ စက်ရုံ၏ ပထမယူနစ် နှစ်ခု မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ယင်းမှာ တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာဘွန်ထုတ်လုပ်မှု ကင်းစင်ရေးရည်မှန်းချက်များ ကို ဖြည့်ဆည်းရာရောက်သည်။

Baihetan ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကြီးအပြည့်အဝ လည်ပတ်နိုင်ပါက သန့်စင်သော လျှပ်စစ်ဓါတ်အားများစွာကို တရုတ်နိုင်ငံအရှေ့ပိုင်းသို့ပို့လွှတ်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါ လျှပ်စစ်စွမ်းအင်များသည် ဓာတုလောင်စာစွမ်းအင်သုံးစွဲမှုများကို အစားထိုးနိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကာဘွန်ကင်းစင်ရေးရည်မှန်းချက်ကိုလည်းကောင်းမွန်စွာဖြည့်ဆည်းနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ အနောက်-အရှေ့ စွမ်းအင်ပို့လွှတ်ရေးစီမံကိန်း၏အဓိက စီမံကိန်းကြီးတစ်ခုဖြစ်သည့် အဆိုပါရေအားလျှပ်စစ်စီမံကိန်းသည် လက်ရှိတွင်အကြီးဆုံးဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်း နည်းပညာပိုင်းတွင်စိန်ခေါ်မှုအများဆုံးကြုံတွေ့ရသည့်ရေအားလျှပ်စစ်စီမံကိန်းကြီးလည်းဖြစ်သည်။
ယူနစ်တစ်ခုတွင် လျှပ်စစ်ကီလိုဝပ်ပေါင်း၁သန်း ထုတ်လုပ်နိုင် သောကြောင့် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ထုတ်လုပ်ရေးယူနစ်များတပ်ဆင်ထားသည့်ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံကြီးဖြစ်သည်။

Baihetan ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံမှတာဝန်ရှိသူ Zhou Mengxia က “ Baihetan ရေအားလျှပ်စစ်စီမံကိန်းအပြည့်အဝ လည်ပတ်နိုင်မယ်ဆိုရင် အဲဒီကနေ တစ်နှစ်ကို ပျမ်းမျှအားဖြင့် စွမ်းအင် ၆၂.၄ ဘီလီယံ ကီလိုဝပ်အထိထုတ်လုပ်နိုင်မှာပါ၊ ဒီပမာဏ လျှပ်စစ်ကို ကျောက်မီးသွေးက ထုတ်ဖို့ဆိုရင် ကျောက်မီးသွေးတန်ချိန်‌ပေါင်း ၁၉.၆၈ သန်း ကုန်ကျမှာပါ။ Baihetan ရေအားလျှပ်စစ်ထုတ်လုပ်ရေး က စိမ်းလန်းပြီးသန့်စင်တဲ့စွမ်းအင်တွေရရှိမှာပါ၊ ဒီတော့ကျွန်တော်တို့ကျောက်မီးသွေးသုံးစွဲမှုကိုလျှော့ချနိုင်ပြီးတော့ တစ်ချိန်တည်းမှာပင် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၅၁.၆ သန်းကိုပါ လျှော့ချနိုင်မှာပါ။ နိုက်ထရိုဂျင်ဓါတ်ငွေ့ထုတ်လွှတ်မှု ၁၇၀,၀၀၀ တန် နှင့် ဆာလဖာထွက်ရှိမှု ၁၅၀,၀၀၀ တန်တို့ကိုပါလျှော့ချနိုင်ပါတယ်။ ဒါဟာကျွန်တော်တို့နိုင်ငံရဲ့ ကာဘွန်ထုတ်လွှတ်မှုကိုလျှော့ချရန်နှင့် ကာဘွန်ဓါတ်ငွေ့ကင်းစင်ရန် ၊ အစိမ်းရောင်အစားထိုးထုတ်လွှတ်ရန်ရည်မှန်းချက်ပန်းတိုင် ကို ကြီးကြီးမားမားအထောက်အပံ့ဖြစ်လာစေပါတယ်။” ဟုဆိုသည်။

Baihetan ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် ရေအားလျှပ်စစ်ဖူလုံစေရန်နှင့် ကြီးမားစွာဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်စွမ်းဆောင်ပေးသည်။ ထို့အပြင် တရုတ်နိုင်ငံအ‌ရှေ့ပိုင်းတွင် စွမ်းအင်တည်ဆောက်ရေး၌ ပြုပြင်ပြောင်းလဲမှုများကိုလည်းဖော်ဆောင်ပေးသည်။ နိုင်ငံအနောက်ပိုင်း၌ ၎င်း‌ရေအားလျှပ်စစ်စီမံကိန်းသည် ကမ္ဘာ့အဆင့်အမြင့်ဆုံးရေအားလျှပ်စစ် ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းတစ်ခုဖြစ်လာပြီး နိုင်ငံအရှေ့ပိုင်းတွင် ၎င်းစက်ရုံမှာနိုင်ငံ၏ စီးပွား‌‌ရေးအရည်အသွေးမြင့်မားစွာဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ကိုအောင်မြင်စေခဲ့သည်။
Baihetan ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံမှတာဝန်ရှိသူ He Wei က” ကျွန်တော်တို့နိုင်ငံက အခုဆိုရင် လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်နေတာဆိုတော့ စွမ်းအင်လိုအပ်ချက်ကလည်းသိပ်ကိုများပြားလာပါတယ်၊ ဒီစက်ရုံက စွမ်းအင်ထုတ်လုပ်နိုင်မှုစုစုပေါင်းပမာဏနှင့်ယူနစ်တစ်ခုချင်းစီရဲ့ထုတ်လုပ်နိုင်မှုပမာဏဟာ ကမ္ဘာမှာထိပ်တန်းကရှိနေပါတယ်၊ အထူးသဖြင့် Ultra High Voltage (ဗို့ထ်အားအမြင့်ဆုံး) နှင့် အကွာအဝေးအများဆုံးစွမ်းအင်ပို့လွှတ်ပေးနိုင်တဲ့နည်းပညာများကိုပေါင်းစပ်ထားတဲ့အတွက် နိုင်ငံရဲ့ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းရှိ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ဒေသများရဲ့စွမ်းအင်လိုအပ်ချက်များကို ကောင်းစွာဖြည့်တင်းပေးနိုင်တော့မှာပါ။”ဟုဆိုသည်။

အဆိုပါ ‌ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံမှာ တရုတ်နိုင်ငံ ၏ အနောက်တောင်ဘက် ပြည်နယ်များဖြစ်သည့် ယူနန်ပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့ နှင့် ဆက်စပ်သည့် Jinsha မြစ်ပေါ်တွင်တည်ဆောက်ထားပြီး ယန်ဇီမြစ်၏ အထက်ပိုင်းတွင် တည်ရှိသည်။

ရေအားလျှပ်စစ်ထုတ်လုပ်ရေးယူနစ်ပေါင်း ၁၆ ခုရှိကာ ယူနစ်တစ်ခုတွင် လျှပ်စစ်ကီလိုဝပ်ပေါင်း၁သန်း ထုတ်လုပ်နိုင် သောကြောင့် ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံအမျိုးအစားဖြစ်ပြီး စုစုပေါင်း ကီလိုဝပ် ၁၆သန်းအထိ ထုတ်လုပ်နိုင်မည်ဖြစ်သည်။
ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံ ၏ အောက်ထပ် ပါဝါ ထုတ်လုပ်ရေးစက်ရုံ၌ ပထမဆုံး ယူနစ် နှစ်ခုမှာပုံမှန်လည်ပတ်နေပြီဖြစ်ပြီး ကျန်ယူနစ်များအားလုံးမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စတင်လည်ပတ်ရန်လျာထားကြောင်း ဓါတ်အားပေးစက်ရုံတည်ဆောက်ရေးလုပ်ငန်းဖြစ်သည့် တရုတ်နိုင်ငံ China Three Gorges Corporation (CTGC) က ဆိုသည်။

ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံတည်ဆောက်ပြီးစီးပါက Beihetan ရေအားလျှပ်စစ်စီမံကိန်းမှာ
ဟူပေပြည်နယ်တွင်တည်ဆောက်ထားသော မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်စီမံကိန်းပြီးနောက် ဒုတိယမြောက် အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်လာမည်ဟုသိရသည်။ (Xinhua)
………………………….
GLOBALink | Baihetan hydropower station to help China achieve carbon neutrality goal
CHENGDU, July 4 (Xinhua) — The first two generating units of the world’s largest hydropower station under construction has been put into operation, contributing to China’s green development and carbon-neutrality goals.

The hydropower station is located on the Jinsha River, the upper section of the Yangtze River, and straddles the southwestern provinces of Yunnan and Sichuan.

With a total installed capacity of 16 million kilowatts, the hydropower station is equipped with 16 hydro-generating units, each with a capacity of 1 million kilowatts, the largest single-unit capacity in the world.

In the station’s underground powerhouse, the first two such units are running steadily, and all units are scheduled to be operational in July 2022, according to China Three Gorges Corporation (CTGC), which built the station.

Upon completion, Baihetan will become the world’s second-largest hydropower station in terms of total installed capacity, second only to the Three Gorges Dam project in the central province of Hubei.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.