Connect with us

Media

ပါရှန်ပင်လယ်ကွေ့ သို့မဟုတ် ဟော်မုဇ်ရေလက်ကြားအနီးတွင် အမေရိကန်သင်္ဘောကို မပစ်ခတ်ရန် အီရန်အား ထရမ့် ခြိမ်းခြောက်

ဝါရှင်တန်၊ မေ ၆ ရက် (ဆင်ဟွာ)
ပါရှန်ပင်လယ်ကွေ့ သို့မဟုတ် ဟော်မုဇ်ရေလက်ကြားအနီးတွင် အမေရိကန် သင်္ဘောကို ပစ်ခတ်မည်ဆိုပါက “ကမ္ဘာဂြိုဟ်မှ ဖျောက်ဖျက်ခံရမည်” ဟု အမေရိကန် သမ္မတ ထရမ့်က မေ ၄ ရက်တွင် Fox News ၏ မေးမြန်းမှုကို လက်ခံဖြေကြားစဉ် ခြိမ်းခြောက်ပြောဆိုခဲ့သည်။

အမေရိကန်စစ်တပ်၏ စစ်ရေးအသင့်ပြင်အနေအထားကို မေးမြန်းရာတွင် ထရမ့်က လက်ရှိ လမ်းနှစ်လမ်းသာရှိကြောင်း၊ ယင်းမှာ အီရန်က သဘောထားအစစ်အမှန်ကို အရင်းခံပြီး သဘောတူညီချက်ရရှိအောင် ဆောင်ရွက်ရန် သို့မဟုတ် အမေရိကန်အနေဖြင့် နောက်ဆုံးတွင် စစ်ရေးလှုပ်ရှားမှုကို မဖြစ်မနေပြန်လည်ဆောင်ရွက်ရန်သာ ရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန် စစ်တပ်၏ စစ်ရေးပြင်ဆင်မှုလုပ်ငန်းအသီးသီးကို အပူတပြင်းလုပ်ဆောင်လျက်ရှိပြီး စစ်အခြေစိုက်စခန်းအားလုံးတွင် အထောက်အပံ့ပစ္စည်းသိုလှောင်မှု အပြည့်အဝရှိကြောင်း၊ ယင်းအရင်းအမြစ်များကို အမေရိကန်စစ်တပ်အနေဖြင့် အချိန်မရွေး ထုတ်ယူအသုံးပြုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်နှင့် လုပ်ဆောင်နေသည့် ဆွေးနွေးမှုများနှင့် အောင်မြင်နိုင်ခြေ ရှိ၊ မရှိ မေးမြန်းရာတွင် ထရမ့်က ယခင်ကနှင့်နှိုင်းယှဉ်လျှင် အီရန်ဘက်က သဘောထား ပို၍ပျော့ပျောင်းလာကြောင်း၊ အီရန်ဆိပ်ကမ်းကို အမေရိကန်က ပိတ်ဆို့ပြီး ဆက်တိုက်ဖိအားပေးမှုအောက်တွင် အီရန်ဘက်က အတိုင်းအတာတစ်ခုအထိ ပြုလွယ်ပြင်လွယ်ရှိမှုကို ပြသလာသည်ဟု ဆိုသည်။

ထိုနေ့တွင်ပင် ထရမ့်က လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်ခဲ့ရာ အီရန်သည် ယင်းနေ့တွင် တောင်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းအပါအဝင် သင်္ဘောများကို ပစ်ခတ်ခဲ့ကြောင်း၊ အမေရိကန်ဘက်က အီရန် မြန်နှုန်းမြင့် ရေယာဉ် ၇ စင်းကို နစ်မြုပ်အောင် ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိ ဟော်မုဇ်ရေလက်ကြားတွင် တောင်ကိုရီးယားသင်္ဘောမှလွဲ၍ အခြားသင်္ဘော ထိခိုက်ပျက်စီးမှုမရှိသေးကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မေ ၄ ရက် နံနက်ပိုင်းမှစ၍ ရှင်းလင်းလမ်းညွှန်ရေး လှုပ်ရှားမှုတစ်ရပ် စတင်၍ ဟော်မုဇ်ရေလက်ကြားတွင် ပိတ်မိနေသည့် သင်္ဘောများ ရေလက်ကြားမှ ထွက်ခွာနိုင်ရန် “လမ်းပြပေးမည်” ဖြစ်ကြောင်း ထရမ့်က မေ ၃ ရက်က ကြေညာခဲ့သည်။
အီရန်သည် မေ ၄ ရက်က အမေရိကန်ရေတပ် စစ်ရေယာဉ်များနှင့် အမေရိကန်စစ်တပ် ကာကွယ်ပေးထားသော ကုန်သွယ်ရေးသင်္ဘောများကို ခရုစ်ဒုံးကျည်၊ ဒရုန်း အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် အမေရိကန်စစ်တပ်က အီရန်၏ အသေးစားရေယာဉ် ၆ စင်းကို နစ်မြုပ်အောင် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) တပ်မှူး Brad Cooper က မေ ၄ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
特朗普威胁伊朗不要向美国船开火
新华社华盛顿5月4日电(记者黄强 徐剑梅)美国总统特朗普4日接受福克斯新闻频道采访时威胁称,如果伊朗在波斯湾或霍尔木兹海峡附近向美国船只开火,将被“从地球表面抹去”。
被问及美军战备情况,特朗普称,目前只有两条路,要么伊朗本着诚意达成协议,要么美国最终将不得不重启军事行动。他说,美军各项战备工作正在紧张进行中,所有基地物资储备充足,美军随时可调动并使用这些资源。
被问及与伊朗进行谈判并取得成功的可能性时,特朗普说,与过去相比,伊朗方面的态度已变得更加软化,在美国对伊朗港口实施封锁并持续施压下,伊方已“展现出一定的灵活性”。
同日,特朗普在社交媒体发文称,伊朗当天向包括一艘韩国货船在内的船只开火。美方击沉伊朗7艘小型快艇。除韩国货船外,目前在霍尔木兹海峡未见其他船只受损。
特朗普3日宣布,美国将于中东当地时间4日上午开始一项疏导行动,“引导”被困在霍尔木兹海峡的船只驶离海峡。美军中央司令部司令库珀4日对媒体说,伊朗当天向美海军舰艇以及受美军“保护”商船发射多枚巡航导弹、无人机等,美军随后击沉6艘伊朗小型船只。(完)