Connect with us

Media

အာရှမသန်စွမ်းအားကစားပွဲအတွက် မြန်မာအားကစားသမားများ လေ့ကျင့်ပြင်ဆင်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၄ ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲ မတိုင်မီ ရက်သတ္တပတ် ၁ ပတ်ကျော် အလိုတွင် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများသည် ၎င်းတို့ယှဉ်ပြိုင်မည့် အားကစားနည်းများကို အားကြိုးမာန်တက်လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ အာရှမသန်စွမ်း အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ ဘော်လီဘောနှင့် ရေကူးအားကစားနည်းများ၌ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ်မှ အားကစားသမား စုစုပေါင်း ၁၆ ဦး စေလွှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးမင်းနိုင်ဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့လက်ရွေးစင်အဖွဲ့သည် တရုတ်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရန် အောက်တိုဘာ ၁၆ ရက်တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခွါမည်ဖြစ်သည်။ ၄ ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့တွင် အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.