Connect with us

Media

ပါလက်စတိုင်းများ ရွှေ့ပြောင်းရန် ကြိုးပမ်းရုန်းကန်နေရသလို အစ္စရေးက ဂါဇာဒေသတွင် မြေပြင်စစ်ဆင်ရေးအတွက် ပြင်ဆင်နေ

ဂျေရုဆလမ်/ဂါဇာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ဟားမက်စ်အဖွဲ့နှင့် အထိအခိုက်များပြားသောပဋိပက္ခဖြစ်ပွားသည်မှာ ဒုတိယမြောက် သီတင်းပတ်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်ကာ အစ္စရေးက ဂါဇာဒေသတွင် ပြင်းထန်သောမြေပြင်စစ်ဆင်ရေးအတွက် ပြင်ဆင်မှုများကို အောက်တိုဘာ ၁၅ ရက်၌ ဆက်လက်ဆောင်ရွက်လျက်ရှိသလို ဂါဇာနယ်စပ်အနီး တပ်များဖြန့်ကျက်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ တာဝန်က ဂါဇာထဲဝင်ဖို့၊ ဟားမက်စ်တွေရဲ့ ပြင်ဆင်မှုတွေ၊ အစီအစဉ်တွေနဲ့ တိုက်ခိုက်မှု လုပ်ဆောင်နေတဲ့နေရာတွေကို ချေမှုန်းဖို့ပါပဲ။ ကွပ်ကဲရေးမှူးတိုင်း၊ စစ်ဆင်ရေးတိုင်းကို ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှာဖြစ်ပြီး သူတို့ရဲ့ အခြေခံအဆောက်အအုံတွေကို တစ်စစီဖြိုဖျက်ပစ်မှာပါ” ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) စစ်ဦးစီးချုပ် Herzi Halevi က ဂါဇာအနီးတွင် တပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သော ဗီဒီယိုအား စစ်တပ်က ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၇ ရက်က စတင်ခဲ့သော ဟားမက်စ် စစ်သွေးကြွများ၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံတွင် အနည်းဆုံး လူပေါင်း ၁,၂၈၄ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးပြည်ထဲရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၁၅ ရက်၌ ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရသည်။ ၎င်းတို့အနက် လူ ၃၆၈ ဦး ထက်မနည်းမှာ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားမသိရှိရသေးပေ။
မိသားစု ၁၅၅ စုမှ ၎င်းတို့၏ မိသားစုဝင်များ ပြန်ပေးဆွဲခံထားရကြောင်း သတင်းပေးပို့မှု ရရှိထားကြောင်း အစ္စရေးစစ်တပ်၏ တရားဝင်ထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဓားစာခံများအဖြစ် ဖမ်းဆီးခံထားရသော မိသားစုများနှင့် အောက်တိုဘာ ၁၅ ရက်က ပထမဆုံးတွေ့ဆုံခဲ့ပြီး ပြန်ပေးဆွဲခံထားရသူတို့အား ပြန်လည်ခေါ်ဆောင်ပေးမည်ဟု ကတိပြုခဲ့သည်။
IDF ပြောခွင့်ရပုဂ္ဂိုလ် Daniel Hagari က ဂါဇာဒေသမြောက်ပိုင်းမှ တောင်ပိုင်းသို့ ရွှေ့ပြောင်းကြရန် ဒေသခံများကို ထပ်မံတိုက်တွန်းကြောင်း၊ အစ္စရေးအနေဖြင့် လူသားချင်းစာနာထောက်ထားမှု စင်္ကြံများ ဖွင့်လှစ်ထားကြောင်းနှင့် တောင်ဘက်ပိုင်းသို့ “လူပေါင်းသိန်းနှင့်ချီ၍” ထွက်ပြေးသွားခဲ့ပြီးဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး၏ အဆိုအရ ပဋိပက္ခဖြစ်ပွားမှုကြောင့် အစ္စရေး၏ သတိပေးချက်မထုတ်ပြန်မီကတည်းက ပါလက်စတိုင်း ၄၀၀,၀၀၀ ကျော်မှာ နေရပ်ရွှေ့ပြောင်းခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။ ဂါဇာဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၂,၆၇၀ သေဆုံးခဲ့ပြီး ၉,၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာအခြေစိုက် ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

………………………………
(English Version)
Israel prepares for ground assault on Gaza as Palestinians struggle to flee
JERUSALEM/GAZA, Oct. 15 (Xinhua) — Israel on Sunday continued its preparations for a massive ground operation in Gaza, mobilizing forces near the Gaza border, as its bloody conflict with the Palestinian Islamic Resistance Movement (Hamas) entered the second week.
“Our responsibility now is to enter Gaza, locate where Hamas prepares, plans and launches attacks, and strike hard everywhere — targeting every commander, every operative, and dismantling their infrastructure,” Israel Defense Forces (IDF) Chief of Staff Herzi Halevi told soldiers near Gaza, according to a video released by the army.
At least 1,284 individuals in Israel were killed in the onslaught by Hamas militants since Oct. 7, according to the official figures released by the Israeli Interior Ministry on Sunday. Among the fatalities, at least 368 have not yet been identified.
The Israeli military has also issued official notifications to at least 155 families to inform them of the abduction of their loved ones.
Israeli Prime Minister Benjamin Netanyahu on Sunday met for the first time with the families of hostages, and promised to bring the abducted Israelis back.
Speaking at a press conference, IDF Spokesman Daniel Hagari again urged residents of the northern Gaza Strip to evacuate southward, adding that Israel has opened humanitarian corridors and “hundreds of thousands” have already fled to the south.
According to the UN Office for the Coordination of Humanitarian Affairs, prior to Israeli warnings, more than 400,000 Palestinians had been internally displaced due to the conflict. So far, 2,670 people have been killed by Israeli airstrikes in Gaza, with more than 9,600 injuries reported, the Gaza-based Palestinian Health Ministry updated on Sunday.