Connect with us

Media

တရုတ်ယူနန်ဟင်းလျာ ၁၂ မျိုး သင်ကြားပေးမည့် တရုတ်နှစ်သစ်ကူးဟင်းလျာ အချက်အပြုတ်သင်တန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စီစဉ်ဖွင့်လှစ်သော တရုတ်နှစ်သစ်ကူးဟင်းလျာ အချက်အပြုတ်သင်တန်းကို ဇန်နဝါရီ ၉ ရက်တွင် စတင်ခဲ့ပြီး သင်တန်းချိန် စုစုပေါင်း (၉)ချိန် စီစဉ်ထားရှိကြောင်း သိရသည်။ သင်တန်းတွင် ယူနန်ဟော့ပေါ့၊ မြေအိုးကြက်သားမှိုဟင်းရည်၊ နို့ခြောက်ကြော် အစရှိသည့် တရုတ်ယူနန်ဟင်းလျာ (၁၂)မျိုးကို သင်ကြားပြသသွားမည် ဖြစ်သည်။ သင်တန်းတွင် တက်ရောက်လျက်ရှိသော သင်တန်းသား (၁၀)ဦးအနေဖြင့် ယင်းသင်တန်းမှတစ်ဆင့် ၂၀၂၄ ခုနှစ်၏ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို ကြိုဆိုရင်း တရုတ်ရိုးရာ အစားအသောက်ယဉ်ကျေးမှုကို လေ့လာသင်ယူနေကြပြီဖြစ်သည်။ (Xinhua)