Connect with us

Media

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း ဘီပါဂျွိုင်းကြောင့် လူ ၂ ဦးသေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိ

နယူးဒေလီ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း ဘီပါဂျွိုင်း (Biparjoy) ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးပြီး အခြားသူ ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဇွန် ၁၆ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ဇွန် ၁၅ ရက် ညနေပိုင်းက တစ်နာရီလျှင် လေတိုက်နှုန်း ၁၂၅ ကီလိုမီတာနှင့် ၁၄၀ ကီလိုမီတာကြား အရှိန်နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ရာ Bhavnagar ခရိုင်ရှိ လယ်သမားနှစ်ဦး သေဆုံးခဲ့ပြီး အခြားလူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျေးရွာပေါင်း ၁,၀၀၀ ခန့်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး ယင်းပြည်နယ်ရှိ ကမ်းရိုးတန်းဒေသများ၌ ရထားဝန်ဆောင်မှုများအပေါ်လည်း ထိခိုက်မှုရှိခဲ့ကြောင်း သတင်းများအရ သိရသည်။

မုန်တိုင်းဒဏ်ကြောင့် ခရိုင် ၈ ခုမှ ပြည်သူ ၁.၉ သန်းကျော် ထိခိုက်မှုရှိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ကမ်းရိုးတန်းဒေသနှင့် မြေနိမ့်ပိုင်းဧရိယာများမှ လူဦးရေ ၉၄,၀၀၀ ခန့်ကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသခံအစိုးရက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာန၏ အဆိုအရ ဆိုင်ကလုန်းမုန်တိုင်းသည် ဇွန် ၁၆ ရက် ညနေပိုင်းတွင် Saurashtra နှင့် Kutch ခရိုင်များသို့ ဝင်ရောက်ကာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
2 killed, 23 injured as Cyclone Biparjoy wreaks havoc in India’s Gujarat
NEW DELHI, June 16 (Xinhua) — Two people were killed and 23 others injured as the cyclonic storm Biparjoy wreaked havoc in the western Indian state of Gujarat, officials said on Friday.
The cyclone that made landfall on Thursday evening with wind speeds ranging between 125 kmph and 140 kmph claimed the lives of two farmers in Bhavnagar district, injuring dozens of others.
Power supply in around 1,000 villages was disrupted and train services in the coastal areas of the state were affected, according to media reports.
Over 1.9 million people in eight districts have been affected by the cyclone, the officials said, while the full assessment of the damage is yet to be done.
The local government had said about 94,000 people were relocated from coastal and low-lying areas to safer locations.
According to the India Meteorological Department, the cyclone is likely to weaken further into a deep depression over Saurashtra and Kutch districts around Friday evening.