Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ ဘီလ်နှင့် မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်း ပူးတွဲဥက္ကဋ္ဌ ဘီလ်ဂိတ် တွေ့ဆုံ ဆွေးနွေး

ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ ဘီလ်နှင့် မလင်ဒါဂိတ်စ် ဖောင်ဒေးရှင်း ပူးတွဲဥက္ကဋ္ဌ ဘီလ်ဂိတ် နှင့် ဇွန် ၁၆ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာ့ဆင်းရဲနွမ်းမှုလျှော့ချရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပရဟိတလုပ်ငန်းများတွင် ဘီလ်ဂိတ်နှင့်၎င်းဖောင်ဒေးရှင်း၏ ကာလကြာရှည် ကြိုးပမ်းဆောင်ရွက်မှုများအား တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။
လက်ရှိ ကမ္ဘာသည် နှစ် ၁၀၀ တွင် တစ်ခါ မကြုံခဲ့ဖူးသော အဖြစ်အပျက်များက အရှိန်အဟုန်မြင့် ပြောင်းလဲလျက်ရှိရာ မိမိအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်(GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်(GCI)တို့ အဆိုပြုခဲ့ပါကြောင်း၊ ထိုသို့ အဆိုပြုရသည့် ရည်ရွယ်ချက်မှာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏နည်းလမ်းကို ပံ့ပိုးခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံက ပထမဦးဆုံးအနေဖြင့် မိမိ၏ကြုံတွေ့ရသောကိစ္စရပ်များကို ဖြေရှင်းဖြစ်ကြောင်း၊ လူဦးရေ သန်းပေါင်း ၁,၄၀၀ ကျော် ရှိသည့် နိုင်ငံကြီးတစ်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံသည် တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်တိုးတက်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ခြင်းသည် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော အကျိုးဆောင်ခြင်း ပင် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်သော အောင်မြင်မှုရလဒ်များကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျေးလက်တောရွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကာ ကျေးရွာ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများကို အဆက်မပြတ် မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုဖြင့် အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်စုံ တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အင်အားကြီးနိုင်ငံ ဗိုလ်ကျစိုးမိုးရေးဟူသော လမ်းစဉ်ဟောင်းကို လုံးဝလျှောက်လှမ်းမည် မဟုတ်ဘဲ အခြားနိုင်ငံများနှင့်လက်တွဲ၍ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကာ လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို အားထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံ အသီးသီးနှင့်အတူ သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးရေး ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန် ဆန္ဒရှိသလို ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါတိုက်ဖျက်မှု၊ ပြည်သူ့ကျန်းမာရေး စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ဘီလ်နှင့် မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်းနှင့်အတူ သက်ဆိုင်ရာကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ပြီး အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ပေကျင်းတွင် မိမိ ပထမဆုံး တွေ့ဆုံသည့် အမေရိကန်မိတ်ဆွေမှာ အဆွေတော်သာဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဘီလ်ဂိတ်အား ပြောကြားခဲ့သည်။ ကမ္ဘာကြီးသည် ကိုဗစ်-၁၉ ကပ်ရောဂါမှ ရုန်းထွက်လာပြီ ဖြစ်ရာ အပြန်အလှန်နားလည်မှု တိုးပွားအောင် ကူးလူးဖလှယ်မှုများ ပို၍ ပြုလုပ်သွားသင့်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး၏ အခြေခံသည် ပြည်သူများဖြစ်သည်ဟု မိမိအနေဖြင့် အစဉ်အမြဲပြောကြားလျက်ရှိရာ အမေရိကန်ပြည်သူများကို အစဉ်အမြဲမျှော်လင့်ထားသလို နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုများ ရှေ့ဆက်သွားစေလိုကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ဘီလ်ဂိတ်က တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုအခြေအနေနှင့် အနာဂတ် မျှော်မှန်းချက်များကို မိတ်ဆက်ပြောကြားခဲ့ရာ တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်ရာတွင် ကမ္ဘာကအသိအမှတ်ပြုလောက်သော အောင်မြင်မှုကြီးများ ရရှိခဲ့ပြီး ကမ္ဘာအတွက် စံနမူနာကောင်း ဖြစ်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်များတွင် ဘီလ်နှင့် မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်းသည် တရုတ်နိုင်ငံနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ရာ သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြင့်မားလျက်ရှိရာ တရုတ်နိုင်ငံအတွက်သော်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် သော်လည်းကောင်း၊ ကမ္ဘာအတွက်သော်လည်းကောင်း အကျိုးဖြစ်ထွန်းစေပါကြောင်း၊ မိမိတို့ဖောင်ဒေးရှင်းအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဆန်းသစ်တီထွင်မှု၊ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပြည်သူ့ကျန်းမာရေး၊ ဆေးဝါးသုတေသနပြုထုတ်လုပ်ရေး၊ ကျေးလက်စိုက်ပျိုးရေး စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပြီး အောင်မြင်သော အတွေ့အကြုံနှင့်နည်းပညာများကို ဖွံ့ဖြိုးဆဲနိုင်ငံများ၌ တွင်ကျယ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဝမ်ရိနှင့် ချင်ကန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

# ##တရုတ် #ရှီကျင့်ဖိန် #ဘီလ်ဂိတ်
………………………………………
(Chinese Version)
习近平会见美国比尔及梅琳达•盖茨基金会联席主席比尔•盖茨
新华社北京6月16日电6月16日,国家主席习近平在北京会见美国比尔及梅琳达•盖茨基金会联席主席比尔•盖茨。
习近平对盖茨及其基金会长期致力于促进全球减贫、卫生、发展及公益慈善事业表示赞赏。习近平强调,当前,世界百年未有之大变局加速演进,我提出全球发展倡议、全球安全倡议、全球文明倡议,目的是为解决全球性挑战提供中国方案。中国首先专注于解决好自己的问题。中国作为一个拥有14亿多人口的大国,保持长期稳定和持续发展,就是对世界和平、稳定、繁荣的重大贡献。我们要巩固脱贫攻坚成果,实现乡村振兴,不断提高农村卫生健康水平。
习近平强调,中国致力于以中国式现代化全面推进中华民族伟大复兴,我们决不走国强必霸的老路,而是同其他国家一道实现共同发展,推动构建人类命运共同体。中方愿同世界各国开展广泛科技创新合作,积极参与并推动应对气候变化、抗击疫情、公共卫生等全球性挑战。中方愿同比尔及梅琳达•盖茨基金会继续加强相关领域合作,并向其他发展中国家提供力所能及的支持和帮助。
习近平对盖茨说,你是我今年在北京会见的第一位美国朋友。世界正在走出新冠疫情,人们应该多走动、多交流,增进了解。我常讲,中美关系的基础在民间,我们始终寄希望于美国人民,希望两国人民友好下去。
盖茨介绍了对华合作进展情况及未来设想,表示,中国在减贫和应对新冠疫情方面取得举世瞩目的巨大成就,为世界树立了很好榜样。近年来,比尔及梅琳达•盖茨基金会和中国开展了良好合作,取得显著进展。中国加快创新发展,对中国有利、对发展中国家有利、对世界有利。基金会致力于同中国进一步加强创新、全球减贫、公共卫生、药物研发、农村农业等领域合作,并将成功经验和技术向发展中国家推广。
王毅、秦刚等参加会见。(完)