Connect with us

Media

ကမ္ဘာ့တက္ကသိုလ်အားကစားပွဲအတွက် လက်မှတ်များ ရောင်းအားကောင်းနေ

ချိန်တူး၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံတွင် ပထမဆုံးကျင်းပသော နိုင်ငံတကာ အားကစားပွဲဖြစ်သည့် ချိန်တူး ကမ္ဘာ့တက္ကသိုလ်အားကစားပွဲအတွက် ဒေသတွင်းပရိသတ်များက စိတ်အားထက်သန်မှုကို ဖော်ပြလျက်ရှိသည်။

အဆိုပါ အားကစားပွဲတွင် အားကစားနည်း ၁၈ မျိုးနှင့် ပြိုင်ပွဲ ၂၆၉ ပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ယခုနှစ်အတွင်း အထူးသဖြင့် ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့် ဝူရှူး စသော ပြိုင်ပွဲအတွက် လက်မှတ်များမှာ ယခုနှစ် ဇွန်လမှစ၍ ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။

“ဒီလိုအားကစားပွဲကြီးကို လက်ခံကျင်းပတဲ့ ကျွန်တော့်ဇာတိမြို့အတွက် အရမ်းဂုဏ်ယူတယ်။ ပြီးတော့ အားကစားပွဲနေရာတွေကလည်း အရမ်းစိတ်ဝင်စားစရာကောင်းတယ်” ဟု ဩဂုတ် ၄ ရက် စားပွဲတင်တင်းနစ်ပြိုင်ပွဲကြည့်ရှုရန် မိသားစုအတွက် လက်မှတ်များဝယ်ယူနေသော Qian အမည်ရှိသော ချိန်တူးမြို့နေတစ်ဦးက ပြောခဲ့သည်။

“ကျွန်တော့်သမီးက ကလေးဘဝကတည်းက စားပွဲတင်တင်းနစ်ကစားခဲ့တာ။ ဒါပေမဲ့ အဆင့်မြင့်ပြိုင်ပွဲတွေကို ဘယ်တော့မှ တိုက်ရိုက်မကြည့်ခဲ့ဖူးဘူး။ ခုတော့ သူ့မှာ ဒီအခွင့်အရေးရပြီလေ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ချိန်တူး ကမ္ဘာ့တက္ကသိုလ်အားကစားပွဲ အမှုဆောင်ကော်မတီမှ ဝန်ထမ်းတစ်ဦးက “ဒီအားကစားပွဲကြီးက ချိန်တူးမြို့မှာ ပြည်သူ သန်း ၂၀ ကျော်အပြင် နိုင်ငံအတွင်းနဲ့ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေကို နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ လက်မှတ်တွေဝယ်လိုအား အလွန်မြင့်မားခဲ့ပြီး လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင်လို့ အကောင်းဆုံးကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
Chengdu Universiade | Tickets for Universiade on hot sale
CHENGDU, July 31 (Xinhua) — Local audiences have showed their huge passion for the Chengdu Universiade, the first international multi-sport event held in China after the pandemic.
The Universiade features 18 sports and 269 events, tickets of which have been on hot sale since June this year, especially in basketball, table tennis, badminton and Wushu.
“I am proud of my hometown for hosting this tournament and also feel the enthusiasm in the venues,” a Chengdu local surnamed Qian said as he rushed to buy a set of family tickets table tennis match.
He added, “My daughter has been played table tennis since she was a kid, but has never watched high-level competitions live. This time, she will have the chance.”
“The Universiade is warmly welcomed by over 20 million people in Chengdu, plus audiences from all over the nation and the world. There is a huge demand for tickets, and we have tried our best to meet the needs,” said a staff member from the Games’ executive committee.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.