Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဩဂုတ် ၁ ရက် တပ်မတော်နေ့မတိုင်မီ အနောက်ပိုင်းဒေသ စစ်ဌာနချုပ် လေတပ်သို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့

ချိန်တူး၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဩဂုတ် ၁ ရက် တပ်မတော်နေ့မတိုင်မီ ဇူလိုင် ၂၆ ရက်က အနောက်ပိုင်းဒေသ စစ်ဌာနချုပ် လေတပ်သို့ သွားရောက်စစ်ဆေးကြည့်ခဲ့ပြီး ပါတီဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင်ကိုယ်စား အနောက်ပိုင်းဒေသ စစ်ဌာနချုပ် လေတပ်အရာရှိနှင့်စစ်သည်များ အားလုံးကို ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သလို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ် အရပ်ဘက်ဝန်ထမ်းများ၊ ပြည်သူ့စစ်အရန်တပ်ဖွဲ့ဝင်များအား တပ်မတော်နေ့ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ၏စိတ်ဓာတ်၊ ခေတ်သစ် အင်အားကြီးစစ်တပ်၏ အတွေးအခေါ်၊ ခေတ်သစ် စစ်ရေးမဟာဗျူဟာ ဦးတည်ချက်များကို ခိုင်မာစွာ ဖော်ဆောင်၍ စစ်တပ်၏ ခေတ်မီအဆင့်ကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ရန်၊ ပါတီနှင့်ပြည်သူက ပေးအပ်သော တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ရမည် ဖြစ်ကြောင်း သမ္မတရှီက အလေးထား ပြောကြားခဲ့သည်။

နွေရာသီကာလတွင် ချိန်တူးမြို့သည် စိမ်းလန်းစိုပြေစွာ သက်ဝင်လှုပ်ရှားလျက်ရှိရာ သမ္မတရှီကျင့်ဖိန်က ယင်းနေ့ နံနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် အနောက်ပိုင်းဒေသ စစ်ဌာနချုပ် လေတပ်သို့ သွားရောက်၍ စစ်တပ် တည်ဆောက်မှုနှင့်တိုက်ပွဲပြင်ဆင်မှုလုပ်ငန်းအခြေအနေများကို လေ့လာခဲ့ခြင်း ဖြစ်သည်။ အနောက်ပိုင်းဒေသ စစ်ဌာနချုပ် လေတပ် ဖွဲ့စည်းတည်ဆောက်ချိန်မှစ၍ ဆောင်ရွက်သော လုပ်ငန်းအသီးသီးနှင့်တာဝန်ကျေပွန်စွာ ထမ်းဆောင်မှု အခြေအနေများကို သမ္မတရှီက အပြည့်အဝအသိအမှတ်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………….
(Chinese Version)
习近平八一前夕视察西部战区空军
新华社成都7月30日电(记者 梅常伟)八一建军节来临之际,中共中央总书记、国家主席、中央军委主席习近平26日到西部战区空军视察,代表党中央和中央军委,向西部战区空军全体官兵致以诚挚问候,向全体人民解放军指战员、武警部队官兵、军队文职人员、民兵预备役人员致以节日祝贺。他强调,要深入贯彻党的二十大精神,贯彻新时代强军思想,贯彻新时代军事战略方针,加快提高部队现代化水平,坚决完成党和人民赋予的各项任务。
盛夏的成都,满目葱茏,生机勃勃。上午10时20分许,习近平来到西部战区空军机关,了解部队建设和备战打仗工作有关情况。习近平对西部战区空军组建以来各项工作和完成任务情况给予充分肯定。