Connect with us

Media

ဆူဒန်နိုင်ငံက ပဋိပက္ခများကြောင့် ဩဂုတ်လလယ်ပိုင်းအထိ လေပိုင်နက်ပိတ်ထားမည်

ခါတွန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ကယ်ဆယ်ရေးလေယာဉ်များအတွက်မှလွဲ၍ နိုင်ငံ၏ လေပိုင်နက် ပိတ်ထားမှုကို ဩဂုတ် ၁၅ ရက်အထိ သက်တမ်းတိုးလိုက်ကြောင်း ခါတွန် အပြည်ပြည်ဆိုင်ရာလေဆိပ်က ဇူလိုင် ၃၀ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံတွင် နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လေဆိပ်ရှိ တည်နေရာပြစနစ်များ ပျက်စီးသွားခဲ့သဖြင့် နိုင်ငံ၏ လေပိုင်နက်ကို တိုက်ပွဲများဖြစ်ပွားချိန် ဧပြီလလယ်ပိုင်းမှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ဧပြီ ၁၅ ရက်က ဆူဒန်စစ်တပ်နှင့် Rapid Support Forces လက်နက်ကိုင်တပ်ဖွဲ့ကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လူပေါင်း ၃,၀၀၀ ကျော် သေဆုံး၍ ၆,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆူဒန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ထို့ပြင် ဆူဒန်နိုင်ငံတွင် ပဋိပက္ခဖြစ်ပွားချိန်မှစ၍ လူဦးရေ ၃ သန်းကျော်သည်လည်း ပြည်တွင်း သို့မဟုတ် ပြည်ပသို့ နေရပ်စွန့်ခွာနေထိုင်နေရကြောင်း ကုလသမဂ္ဂ ခန့်မှန်းချက်အရ သိရသည်။ (Xinhua)

……………………………….
(English Version)
Sudan extends airspace closure until mid-August amid conflict
KHARTOUM, July 31 (Xinhua) — The Sudanese civil aviation authority extended the closure of Sudan’s airspace until Aug. 15, except for humanitarian aid and evacuation flights, Khartoum International Airport said in a statement on Monday.
Sudan’s airspace has been closed since the outbreak of the clashes in mid-April as air navigation systems at the airport were affected by the conflict between the two warring factions.
On April 15, an armed conflict erupted between the Sudanese army and the paramilitary Rapid Support Forces, leading to over 3,000 deaths and more than 6,000 injuries, according to figures released by the Sudanese Health Ministry.
More than 3 million people have been displaced either inside or outside the country, since the conflict broke out in Sudan, according to UN estimates.