Connect with us

Media

တရုတ်နိုင်ငံက ကျေးလက်ဒေသစီးပွားရေး မြှင့်တင်မှုလုပ်ငန်းအစီအစဉ်ထုတ်ပြန်

ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက ထုတ်ပြန်လိုက်သော သုံးနှစ်တာ လုပ်ငန်းအစီအစဉ်သည် ဒေသတွင်းစီးပွားရေး ဆောင်ရွက်မှုများ မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ကျယ်ပြန့်လှသော ကျေးလက်ဒေသများသို့ စီးပွားရေးနှိုးဆော်မှုအသစ် ဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဩဂုတ် ၁၅ ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဌာနပေါင်းစုံမှ တာဝန်ရှိသူများက ယင်းအစီအစဉ်အရ ဆောင်ရွက်မှုများနှင့် ရည်မှန်းချက်များကို ပြောကြားခဲ့ကြပြီး ကျေးလက် လယ်သမားများ၏ ဝင်ငွေ တိုးတက်စေရန်နှင့် ၎င်းတို့၏သုံးစွဲမှုလမ်းကြောင်း အဆင့်မြှင့်တင်ရန် နိုင်ငံတစ်ဝန်းရှိ ခရိုင်များ၌ စီးပွားရေးစနစ် အားကောင်းလာစေရေးနည်းလမ်းများ ရှာဖွေခဲ့ကြသည်။

ဗဟိုအစိုးရအနေဖြင့် ဒေသတွင်းစီးပွားရေးကွန်ရက်များနှင့် ထောက်ပံ့ ဖြန့်ဖြူးမှုစနစ် တိုးတက်စေရန်နှင့် မြို့နယ်စီးပွားရေးစင်တာများ၊ ဈေးများ၊ မြို့နယ်ဈေးများနှင့် ကျေးလက်စတိုးဆိုင်များ အဆင့်မြှင့်တင်ရန် ခရိုင်များအား ရန်ပုံငွေဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ လီကန်းက ပြောကြားခဲ့သည်။
ဗဟိုအစိုးရ ရန်ပုံငွေများသည် ကျေးလက်စီးပွားရေးအဖွဲ့အစည်းများမှ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် စတိုးဆိုင်လုပ်ငန်းများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အရည်အသွေးရှိသော ကျေးလက်ဧရိယာများအား ခေတ်မီထောက်ပံ့ပို့ဆောင်မှု၊ အသင့်စားလက်လီဆိုင်များနှင့် အခြားစီးပွားရေးပုံစံသစ်များ ရှာဖွေရေးနှင့် တိုးတက်ရေး တွန်းအားပေးမည်ဖြစ်ကြောင်း သိရသည်။

အစိုးရ၏ အချက်အလက်များအရ တရုတ်နိုင်ငံတွင် ၂၀၂၂ ခုနှစ်က လယ်ယာထွက်ကုန် အွန်လိုင်းလက်လီရောင်းချမှုမှာ ယွမ် ၅၃၁.၃၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၄ ဘီလီယံခန့်) အထိ ရှိပြီဖြစ်ကာ ၂၀၂၁ ခုနှစ်ထက် ၉.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Action plan to boost China’s rural-region commerce
BEIJING, Aug. 16 (Xinhua) — A three-year action plan released by the Chinese government will inject new economic vitality into the nation’s vast rural regions through efforts to boost local commerce activities.
At a government press conference held Tuesday, officials of multiple ministries spoke of the measures and targets under the plan, seeking to strengthen the commerce system across the nation’s counties to improve rural farmers’ income and upgrade their consumption trends.
Li Gang, an official with the Ministry of Commerce, said that the central government would continue funding counties to improve the local commerce networks and logistics distribution system and innovate and upgrade township business centers, bazaars, township markets, and village convenience stores.
The central government funding will also support digitalization and chain-store venture by rural business entities and encourage qualified rural areas to explore and develop smart logistics, instant retail, and other new business models.
Government data showed that online retail sales of agriculture products in China reached 531.38 billion yuan (about 74 billion U.S. dollars) in 2022, up 9.2 percent year on year.