Connect with us

Media

တရုတ်နိုင်ငံက APEC တွင် အရေးပါ၍ ဘက်စုံအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း ထိုင်းပညာရှင်ပြောကြား

ဘန်ကောက်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံနှင့် အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) နှင့် ပိုမိုကျယ်ပြန့်သော စီးပွားရေးပေါင်းစည်းမှုတွင် အရေးပါ၍ ဘက်စုံအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် (FTI) ဒုတိယဥက္ကဋ္ဌ Montri Mahaplerkpong က ပြောကြားခဲ့သည်။

“APEC အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံလုံးက မတူကွဲပြားမှုတွေကို ဖယ်ရှားလျက် ဘုံအခြေအနေကို ကြိုးစားရှာဖွေရင်း လက်ချင်းချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ထိုင်းနိုင်ငံ APEC စီးပွားရေးအကြံပေးကောင်စီ (ABAC) ၏ ကိုယ်စားလှယ်အဖွဲ့ဝင်လည်းဖြစ်သူ Montri က ဆင်ဟွာနှင့် မကြာသေးမီကပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

APEC သည် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်က စတင်ထူထောင်စဉ်မှစ၍ အာရှ-ပစိဖိတ်ဒေသအတွင်း အရေးပါသောပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့ကြောင်း Montri က မှတ်ချက်ပြုခဲ့သည်။ “APEC ကို အတူတကွမောင်းနှင်မည်ဟူသော ရည်ရွယ်ချက်ကို လိုက်နာလျက် နိုင်ငံအရွယ်အစား ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ စီးပွားရေးအတူရှေ့ဆက်တိုးတက်ဖို့ ဒီကမ္ဘာကြီးမှာ နေရာတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့မှာ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ဖို့ ဆန္ဒသဘောထားရှိကြတယ်” ဟု Montri က ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် APEC အစီအစဉ်မှာ တက်ကြွစွာပါဝင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဒေသတွင်းနိုင်ငံအားလုံးနဲ့ မျှဝေလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) အဆိုပြုချက်မှတစ်ဆင့် တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်နိုင်ငံများ၏ ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် အားအင်များစုစည်းခဲ့သည်။ တရုတ်-ထိုင်းရထားလမ်းသည် တည်ဆောက်မှုပြီးစီးချိန်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားသစ်များ ဖြည့်တင်းပေးမည်ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China plays significant, multifaceted role in APEC, Thai expert says
BANGKOK, Dec. 27 (Xinhua) — As the world’s second largest economy and largest developing country, China plays a significant and multifaceted role in the Asia-Pacific Economic Cooperation (APEC) and broader economic integration, said Montri Mahaplerkpong, vice chairman of the Federation of Thai Industries (FTI).
“I believe all 21 APEC member economies could do hand-in-hand collaboration by seeking common ground while shelving differences,” Montri, who is also the APEC Business Advisory Council (ABAC) Thailand alternate member, said in a recent interview with Xinhua.
Montri noted that APEC has become an important platform in the Asia-Pacific region since its establishment over 30 years ago.
“Adhering to the objective of driving APEC together, whether in big, small or medium-sized economies, we have plenty of room in this world to move the economy forward together, as long as we have the will to make it better,” said Montri.
He added that China has been actively participating in the APEC agenda and sharing its development opportunities with all in the region. Through the Belt and Road Initiative (BRI), China has pooled strength for the common development of Asia-Pacific countries.
The China-Thailand railway will inject new impetus into the development of the Thai economy and transportation, when the construction is completed, he noted.