Connect with us

Media

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုကြောင့် လူ ၂၀ ဦးထိခိုက်ဒဏ်ရာရရှိ

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa (KP) ပြည်နယ်၌ ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲသတင်းရင်းမြစ်များက ဇန်နဝါရီ ၁၅ ရက်တွင် ပြောသည်။
အဆိုပါ ပေါက်ကွဲမှုမှာ KP ပြည်နယ်၏ မြို့တော် ပက်ရှ်ဝါ ရှိ Ring Road ဧရိယာအနီး ဓာတ်ငွေ့ဆလင်ဒါအိုးဆိုင် တစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း ပက်ရှ်ဝါ ရဲတပ်ဖွဲ့မှ သတင်းရင်းမြစ်များက ဆင်ဟွာသို့ ပြောသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း၊ ပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း အဆိုပါသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးများနှင့် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာကို အလျင်အမြန်ရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူ အများအပြားမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ဒေသတွင်း မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

…………………………
(English Version)
20 injured in gas cylinder blast in NW Pakistan
At least 20 people were injured in a gas cylinder blast in Pakistan’s northwest Khyber Pakhtunkhwa (KP) province, police sources said on Monday.
The explosion occurred in a gas cylinder shop near the Ring Road area of Peshawar, the provincial capital city of KP, sources from Peshawar police told Xinhua.
The cause of the blast has not been determined yet, said the sources, adding that police have launched an investigation into the explosion.
Following the incident, rescue and police teams rushed to the site and shifted the injured to a nearby hospital.
According to local media reports, several of the injured are reported to be in critical condition.
Xinhua News Agency correspondents reporting from Islamabad. (XHTV)