Connect with us

Media

ပုဂ္ဂလိကစီးပွားရေးကဏ္ဍမြှင့်တင်ရေးဥပဒေ ချမှတ်ထုတ်ပြန်

ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)

ပုဂ္ဂလိကစီးပွားရေးကဏ္ဍမြှင့်တင်ရေးဥပဒေကို ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ၁၅ ကြိမ်မြောက် အစည်းအဝေးတွင် စိစစ်အတည်ပြုကာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပုဂ္ဂလိကစီးပွားရေးကဏ္ဍမြှင့်တင်ရေးဥပဒေကို ချမှတ်ထုတ်ပြန်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် အားကောင်းလာမှုအား မြှင့်တင်လိုသည့် ပြတ်သားသော ရပ်တည်ချက်နှင့် ခိုင်မာသော ဆုံးဖြတ်ချက်ကို ပေါ်လွင်စေကြောင်း၊ ယင်းမှာ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အာမခံချက် ပေးခြင်းဖြစ်သလို ယုံကြည်ချက်၊ သဘောတူညီချက်နှင့် အင်အားများကို စုစည်းလိုက်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် လျိုမင်က ဧပြီ ၃၀ ရက်၌ ထုတ်လွှင့်သည့် “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီးတွင် ပြောကြားခဲ့သည်။

ပုဂ္ဂလိကစီးပွားရေးကဏ္ဍ မြှင့်တင်ရေးဥပဒေသည် ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများစွာနှင့် ၎င်းတို့အား လည်ပတ်သူများက စည်းကမ်းနှင့်အညီ စနစ်တကျလည်ပတ်ရန်၊ စီမံအုပ်ချုပ်မှု ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှုစနစ်အား ကောင်းမွန် ပြည့်စုံအောင် လုပ်ဆောင်ရန် လမ်းညွှန်ကြောင်း၊ ထို့ပြင် အဓိကလုပ်ငန်းကို ကောင်းမွန်အောင် လုပ်ဆောင်ပြီး ကုန်ထုတ်လုပ်ငန်းများ အင်အားကောင်းလာအောင် လုပ်ဆောင်၍ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းလျှောက်လှမ်းကာ ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများ၏ အဓိကယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကိုလည်း အဆက်မပြတ် မြှင့်တင်ကြောင်း လျိုမင်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် ဘက်ပေါင်းစုံ၏ တက်ကြွသော အကြောင်းအချက်များကိုလှုံ့ဆော်ကာ ဘက်ပေါင်းစုံ၏ စွမ်းရည်စွမ်းအားများကို ဖော်ထုတ်ခြင်းဖြင့် လူမှုအသိုက်အဝန်းတစ်ရပ်လုံးက ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား ဂရုပြု ထောက်ခံအားပေး မြှင့်တင်သည့် ကောင်းမွန်သောပတ်ဝန်းကျင်ကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————————————————————————–
(Chinese Version)
中国经济圆桌会|国家发展改革委:制定颁布民营经济促进法凝聚信心、共识和力量
新华社北京4月30日电(记者张晓洁)民营经济促进法经十四届全国人大常委会第十五次会议审议通过并颁布。国家发展改革委民营经济发展局副局长刘民在新华社4月30日推出的“中国经济圆桌会”大型全媒体访谈节目中表示,制定颁布民营经济促进法彰显了党和国家促进民营经济发展壮大的鲜明立场和坚定决心,为民营经济高质量发展提供坚实的法治保障,凝聚信心、共识和力量。
刘民表示,民营经济促进法引导广大民营经济组织及其经营者规范经营,完善治理结构和管理制度,做优主业、做强实业,走高质量发展之路,不断提高民营经济组织的核心竞争力。同时,调动各方面积极因素、激发各方面潜力潜能,营造全社会关心、支持、促进民营经济发展的良好氛围。(完)
图说:Guest speakers exchange views at the recording site of the 16th episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Li He)