Connect with us

Videos

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတွေ့ဆုံ

နယူးယောက်၊ စက်တင်ဘာ ၂ဝ ရက်( ဆင်ဟွာ)
တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ဖိတ်ကြားချက်ဖြင့် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့တက်ရောက်ရန်အတွက် အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့သို့ စက်တင်ဘာလ ၁၈ ရက်နေ့က ရောက်ရှိခဲ့သည်။
စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ်လီ နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးတွင် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ဝန်ကြီးချုပ်လီ၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့တက်ရောက်ရန်အပြင်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင်အခြားနိုင်ငံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး နယူးယောက်မြို့တွင်ကျင်းပမည့် အခြား စီးပွားရေးဆိုင်ရာအခမ်းအနားများကိုလည်းတက်ရောက်သွားမည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.