Connect with us

Videos

တရုတ်နိုင်ငံ၏ ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးတံတားကြီး

ဟောင်ကောင်၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

ဟောင်ကောင်-ကျူးဟိုင်- မကာအိုတို့ကို ချိတ်ဆက်ထားသည့်တရုတ်နိုင်ငံ၏ အရှည်ဆုံး ပင်လယ်ကူး တံတားကြီးမှာ အရှည်အားဖြင့် ၅၅ ကီလိုမီတာ ရှိပြီး ၎င်းတွင်အရှည်၂၂.၉ ကီလိုမီတာရှိသည့် ပင်မတံတားကြီး တစ်စင်းပါဝင်သည်။ထို့အပြင်တံတားတည်ဆောက်ရေးစီမံကိန်းအတွင်း ၆.၇ ကီလိုမီတာ အရှည်ရှိ ဥမင်လိုဏ်ခေါင်း ကိုလည်း တည်ဆောက်ထားရာ ပင်လယ်ကူးတံတားအတွင်း ဥမင်းလိုဏ်ခေါင်း အမျိုးအစားထဲတွင်တော့ ကမ္ဘာ့အနက်ဆုံးဥမင်လိုဏ်ခေါင်းဖြစ်လာနိုင်သည်ဟုသိရသည်။ထို့အပြင် ဖန်တီးပြုလုပ်ထားသောကျွန်းအတုလည်းပါရှိပြီး ၎င်းသည် စီမံကိန်းတစ်ခုလုံးတွင် နည်းပညာပိုင်းများစွာဖြင့် ဖန်တီးရသည့်အပိုင်းလည်းဖြစ်သည်။ ထိုတံတားကြီးကို ၂ဝဝ၉ ခုနှစ်ကုန်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး တံတားကြီးပေါ်တွင် 4G network ကိုလည်း ထည့်သွင်းတပ်ဆင်ထားသည်။ ၂ဝ၁၇ ခုနှစ်တွင် အဓိက ဆောက်လုပ်ရေးလုပ်ငန်းများပြီးစီးခဲ့ပြီးတံတားကြီးကို ၂၄နာရီ သွားလာနိုင်ရန် ဖွင့်လှစ်ထားသည်။ ၂ဝ၃ဝ ခုနှစ် အရောက်တွင် တံတားပေါ်၌ ဖြတ်သန်းသည့် ယာဉ်အရေအတွက်ပေါင်းမှာ တစ်နေ့လျင် ၂၉၁ဝဝ ခန့်အထိ ရှိမည်ဟုလည်းခန့်မှန်းထားသည်။ ယခင်က ဟောင်ကောင်နှင့်ကျူးဟိုင်သို့သွားလာရန်ကြာမြင့်ချိန် ၃နာရီ ခန့်ရှိရာ ထိုတံတားပေါ်မှ ဖြတ်သန်းသွားလာပါက မိနစ်၃ဝ ဖြင့်သာသွားလာရတော့မည်ဖြစ်သောကြောင့် အချိန်ကုန် သက်သာစေသည်။ (Xinhua¬)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.